အနုပညာရှင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ အနုပညာလောကမှာ သိပ်မတွေ့ရတော့ပေမယ့်  ဖေ့စ်ဘုတ်ပေါ်မှာတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်ကေသီအောင်က ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ ခံစားချက်တွေကို ရေးသားပြီး တင်လေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ ခံစားချက်တွေကို ရေးသားပြီး တင်ထားပါသေးတယ်။ မြတ်ကေသီအောင်က သူမဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့ သူတစ်ယောက်ဖြစ်ပြီး ခေတ်ဆန်ဆန်ဝတ်စားရတာကို နှစ်သက်တဲ့ သာမန်မိန်းကလေးတစ်ယောက်ပါလို့ ရေးပြီး သူမရဲ့ အမူအကျင့် ပုံစံလေးတွေကို ပြောပြထားတာဖြစ်ပါတယ်။

မြတ်ကေသီအောင်ကတော့ ချစ်တဲ့ သူတစ်ယောက်အတွက်နဲ့ သူမရဲ့ ရှိရင်းစွဲပုံစုံကို မပြင်နိုင်ပါဘူးလို့လည်း ရေးထားပါတယ်။ ဒါပေမယ့်လည်း သူမက “ကျမ ရှိရင်းစွဲအကျင့်တွေ ပြောင်းလဲပေးလိုက်မိတယ် ဆိုရင်တော့ ရှင့် ကို ကျမ သိပ်ချစ်လို့ပဲ ဖြစ်မှုာပါ.”လို့လည်း ရေးထားပါသေးတယ်။ ပရိသတ်တွေကတော့ မြတ်ကေသီအောင်ရဲ့ ရင်တွင်းဖြစ်စာသားလေးကို အရမ်းကို သဘောကျနေကြပါတယ်။

Source: Myat Kay Thi Aung