ပရိသတ်တွေ ချစ်ကြတဲ့ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့  မိဘတွေ အသက်ရှင်တုန်းက မလုပ်နိုင်ခဲ့တဲ့ အရာတွေကို သူမအသက်ရှိနေတုန်း တက်နိုင်သမျှလုပ်ပေးဖို့ စဉ်းစားထားပါတယ်တဲ့။ အဲဒါကြောင့်လည်း မိဘတွေအတွက် ရည်စူးပြီး ယောဂီဆောင်လေး ဆောက်လုပ်ဖို့အတွက် ကျပ်သိန်း (၅၀) မတည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျမဟာ မချမ်းသာပါဘူး … အခု အရွယ်မှာ မင်းသမီးလည်း မဟုတ်တော့ပါဘူး … ကျန်းမာရေးကြောင့် သိပ်ဝါသနာပါတဲ့ အလုပ်ကိုတောင် မလုပ်နိင်ခဲ့တာကြာခဲ့ပါပြီ … အခုချိန်မှာ ကျမဟာ ဝင်ငွေထက် ထွက်ငွေပဲရှိနေတဲ့ အချိန်ဆိုပေမယ့် … မိဘတွေ အတွက်တော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး လှုပေးချင်တဲ့ စိတ်လေးတခုကြောင့် .. မလိုအပ်ရင် ဘာမှမသုံးဘူးဆိုတဲ့ စိတ်တခုနဲ့ ပိုက်ဆံလေးစုခဲ့မိတယ် .. ” လို့ သူမရဲ့ ဖေ့စ်ဘုတ်မှာလည်း ရေးပြီးတင်ထားပါတယ်။

Source: Myat Kay Thi Aung