တစ်ချိန်က အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို ရရှိထားဆဲ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ အနုပညာလောကမှာ သိပ်ပြီးတော့ မတွေ့ရတော့ပေမဲ့ ပရိသတ်တွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မြတ်ကေသီအောင်ကတော့ သူမရဲ့ ခံစားချက်တွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ရေးတင်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်ကေသီအောင်က ပြီးခဲ့တဲ့ရက်အနည်းငယ်ကလည်း ဖေ့စ်ဘုတ်ပေါ်မှာ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ရေးပြီးတင်ထားပါသေးတယ်။ သူမက ကိုယ့်ဘဝကို မေ့နေပြီး တခြားသူရဲ့ ပြစ်ချက်တွေကို လိုက်ပြောတတ်တဲ့ သူတွေအတွက် ဒီစာလေးကို ရေးတင်ထားတဲ့ပုံပါပဲ။

မြတ်ကေသီအောင်ကတော့ အိမ်ထောင်ရေး အရှုပ်အရှင်း ပြဿနာတွေလည်း အများကြီး ကြုံခဲ့ရပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း တော်တော်လေး ခံခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ “တကယ်ဆို ကိုယ့်စိတ်နဲ့ကိုယ် ကြိုက်သလို နေ နေကြတဲ့ ဘဝတိုတိုလေးမှာ နံပါတ်ဆိုတာဟာ ဘာမှသုံးစားလို့ မရတဲ့အရာမို့ ကိုယ့်နားမှာ ရှိတဲ့ ကိုယ့်လူရဲ့စိတ်ထဲ ကိုယ်ရှိနေအောင်ပဲ ကြိုးစားလိုက်စမ်းပါ.” လို့လည်း ရေးထားပါတယ်။ ပရိသတ်တွေလည်း မြတ်ကေသီအောင်ရဲ့ စာလေးကို ဘယ်လို မြင်လဲဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: Myat Kay Thi Aung