ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုကားတွေမှာ ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင် ပါဝင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ မြတ်ကေသီအောင်ကတော့ အနုပညာလောကမှာ သိပ်ပြီး မတွေ့ရတော့ပေမဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ ဖေ့စ်ဘုတ်အကောင့်ကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က 9MC ဟက်ကာတွေရဲ့ ထိန်းသိမ်းခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြတ်ကေသီအောင်ဟာ သူမရဲ့ အကောင့်ကို 9MC အဖွဲ့ဆီကနေ ပြန်ပြီး ရရှိခဲ့ပါတယ်။ မြတ်ကေသီအောင်ကတော့ 9MC အဖွဲ့နဲ့ ဖုန်းအပြန်အလှန်ပြောခဲ့တဲ့ အကြောင်းကိုလည်း ဖေစ်ဘုတ်ပေါ်မှာ တင်ထားပါသေးတယ်။

မြတ်ကေသီအောင်ကတော့ 9MC ကို စိတ်မဆိုးပဲ မိတ်ဆွေတိုးတယ်လို့ပဲ သဘောထားပါတယ်ဆိုပြီးတော့ 9MCအဖွဲ့နဲ့ ရင်းနှီးသွားတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မြတ်ကေသီအောင်ကတော့ သူရဲ့ ဖေ့စ်ဘုတ်ပြန်ရသွားလို့ အလှဆုံးဖြစ်တဲ့ ပုံလေးတင်ပေးလိုက်တယ်ဆိုပြီး အဆိုတော် ရီဟားနားရဲ့ ပုံလေးကို တင်ထားပေးပါသေးတယ်။

Source: Myat kay Thi Aung