Miss Universe 2017 ပြိုင်ပွဲကြီးကိုတော့  နိုဝင်ဘာ(၂၇)ရက်နေ့မှာ အမေရိကန် Las Vegas မြို့မှာ ကျင်းပတော့မှာပါ။ အခုပြိုင်ပွဲကတော့ (၆၆)ကြိမ်မြောက် ကျင်းပတာပါ။ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေနဲ့ကတော့ ဇွန်သံဇဉ် ၀င်ရောက်ယှဉ်ပြိုင်နေတာပါ။

Voting စနစ်နဲ့ မဲပေးတာတွေကိုတော့ စတင်နေပြီး နိုဝင်ဘာ(၂၆)ရက်‌ မြန်မာစံတော်ချိန် မနက် (၃)နာရီခွဲကျရင်တော့ Voting ပိတ်မှာပါ။ အလှမယ်ဟောင်းတွေ၊ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဇွန်သံဇဉ်အတွက် မဲပေးကျဖို့ ၀ိုင်းပြီးလှုံ့ဆော်ပေးနေတာကိုလည်း တွေ့ရပါတယ်။

 

သူမရဲ့ National Costume ကိုလည်း အားလုံးကဆုရဖို့ မျှော်လင့်နေကြတာပါ။ ဆုတစ်ဆုတော့ သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဇွန်သံဇဉ်ကလည်း အကောင်းဆုံးယှဉ်ပြိုင်နေတာကို တွေ့ရပါတယ်။

from ဇွန်သံဇဉ်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။