မိခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကား၊သီချင်းတွေက များပေမယ့် ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူး ထားတဲ့ ဇာတ်ကားနဲ့ သီချင်းတွေကတော့ ရှိတော့ရှိတယ်၊ ဒါပေမယ့် ရှားပါတယ်။သားသမီးတွေအပေါ် ဖခင်တစ်ယောက်က ထားတဲ့ မေတ္တာကို ထိမိပေါ်လွင်စေတဲ့ fb Post တစ်ခုကို ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က သူ့ရဲ့ fb မှာ တင် ထားပါတယ်။ဒါရိုက်တာ စင်ရော်မောင်မောင် က သူ့ရဲ့သား မင်းသန့်မောင်မောင်အပေါ် မေတ္တာကြီးမားတဲ့ ဖခင်တစ်ယောက် ဆိုတာ ဘေးမှာရှိနေတဲ့ ပရိသတ်တွေအားလုံးက သိကြပါတယ်။ဖခင်မေတ္တာကို ထိထိမိမိပေါ်လွင်စေခဲ့တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ Fb Post လေးမှာတော့.”ဘ ဝ ခံ စား ချက် တူ လွန်း လို့ ” ဆိုတဲ့ စာသားလေးနဲ့ အစ ချီထားပါတယ်။

“ဘ ဝ ခံ စား ချက် တူ လွန်း လို့ Ko khine htwe , Ko
hla maung thein and ko hlaing min !

ဒီနေ့ငွေ၎သိန်းကိုသေချာထည့်ပြီးဆူလေးလမ်းကိုထွက်ခဲ့သည်။ ၃သိန်းတန် SAMSUMG ဝယ်မည်။ ပြီးနယူးဒေလီတွင် ချစ်တီးထမင်းအဝအပြဲစားမည်။ SAMSUMG Showroom ကိုရောက်တော့၊ အရောင်းစာရေးမလေးက ရှင်းပြသည်။ ဈေးကလည်းကိုယ်လိုချင်သောဈေး။ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုအချိန်Viber ဖုန်းခေါ်၍
“အဖေ ကျောင်းဆက်တက်မလို့ S$၂၂၀၀သွင်းရမယ်။

လိုလိုမယ်မယ်၂၅၀၀လောက်ပို့ ပေးပါ။”
“သားလိုလိုမယ်မယ်၃၀၀၀ပို့ လိုက်မယ်။ မဖြစ်မနေသွင်းလိုက်ပါ။”
အရောင်းစာရေးမလေးသည် ကျနော်ကိုလေးစားသောမျက်နာဖြင့် ကြည့်နေပါသည်။

ကျနော်ကတောင်းပန်အားနားသောမျက်နာဖြင့်ပြန်ကြည့်ပြီး။ သမီး ဦးနောက်တစ်ခေါက်လာပါမည်ဟု ပြောပြီး အပြင်ထွက်လိုက်သည်။ သားအတွက်S$3000 ပေးဖို့ လက်သွက်ခဲ့သော်လည်း။ မိမိအတွက်S$
၃၀၀တန်ဝယ်ရန်လက်မသွက်။

ပီးသားကျောင်းဆက်တက်မည်ဆို၍ပျော်နေသည်။ လမ်းတောင်လျှောက်မရ။ ပန်းခြံထိပ်ကပြောင်းဖူး
၂ဖူးဝယ်ပြီးပန်းခြံထဲကခုံမှာထိုင်စားပြီးရေအဝသောက်လိုက်သည်။
ပြီးသားဆီMessageရိုက်လိုက်သည်။
“သား ပျက်လို့ မသုံးတဲ့ဖုန်းလေးလူကြုံနဲ့ ထည့်ပေးလိုက်။ဒီမှာပြင်သုံးလို့ ရတယ်’
သားရဲ့ ဖေဖေ

အဖေသည်သားအတွက်တခါတရံစစ်သူကြီုးဖြစ်၍
တခါတရံအသေခံတပ်သားဖြစ်သည်။
မည်သို့ ပင်ဖြစ်ပါစေ
အဖေတိုင်းသည်အဖေဖြစ်ပါသည်။
အဖေတိုင်းတာဝန်ကျေပါစေ။

ထာ ဝ ရအ ဖေ

Credit to ko Hla Maung Thein&# ko Hlaing Min Zaw and ko khine htwe…” ဆိုပြီး တင်ထားပါတယ်။

ဒါရိုက်တာ ဇင်ရော်မောင်မောင်ကတော့” ထာဝရအမေ” ဇာတ်ကားနဲ့ ဒီနှစ်အကယ်ဒမီပေးပွဲရဲ့ ဒါရိုက်တာ ဆုအတွက် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။

from စင်ရော်မောင်မောင်ရဲ့ fb