အဆိုတော်ဇော်ဝင်းထွဋ်​၊အဆိုတော်Rဇာနည်နဲ့  ကိုအောင်သူ (မန္တလေး) တို့ မိသားစုဟာ စုပေါင်း အလှူပွဲလေး တစ်ခု လုပ်ခဲ့ပါ တယ်။မိတ္ထီလာမြို့အနီးက မုန်တိုင်ကျေးရွာမှာမှာ ပြုလုပ်ခဲ့တာပါ။ အဲ့ဒီမှာ ရှိတဲ့ ရှေးဟောင်း ဘုရား ပြည်လုံးချမ်းသာစေတီ၊ရွှေဘုံသာစေတီ၊ငွေဘုံသာစေတီ ဘုရား များကို ပြန်လည်ပြုပြင်ခြင်း၊ ရွှေထီးတော် -စိန်ဖူးတော်-ဌက်မြတ်နာတော်များ တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာအလှူပွဲ ကျင်းပခဲ့တာပါ။

အလှူရှင်များ ဖြစ်တဲ့ အဆိုတော်ဇော်ဝင်းထွဋ်​ မိသားစု၊အဆိုတော်Rဇာနည်မိသားစု,ကိုအောင်သူ (မန္တလေး) မိသားစု များမှ စိန်ဖူးတော် ထီးတော်များတင်၍လှူဒါန်းခဲ့တဲ့အလှူပွဲလေးပါ။အဆိုတော် စည်သူလွင်လည်း အလှူပွဲသို့ လာရောက်ခဲ့တာကို တွေ့ရပါတယ်။

ကြည်နူးစရာ အလှူပွဲ ပုံရိပ်လေးေ တွကိုတော့ ဓါတ်ပုံဆရာ အေးဇော်မိုး(စက်မှု)က သူ့ရဲ့ fb ပေါ်မှာ တင်ပေးထားတာပါ။ပရိသတ်တွေ အတွက် အလှူပွဲပုံရိပ်လေးတွေကို စုစည်းဖော်ပြေ ပးလိုက်ပါတယ်။

photos from ဓါတ်ပုံဆရာ အေးဇော်မိုး(စက်မှု)