နိုင်ငံကျော် အဆိုတော် ဇော်ပိုင်ကတော့ မကြာသေးခင်ကမှ “ပြုသူအသစ်” သီချင်းခွေသစ် ထွက်ရှိထားသူပဲဖြစ်ပါတယ်။ ဒီအခွေထဲမှာတော့ သီချင်းဟောင်းတွေ ပြန်ဖန်တီးထားလို့ ပရိသတ်တွေရဲ့ အကြိုက်ဖြစ်နေခဲ့ပါတယ်။ ဒီကနေ့ ဇန်န၀ါရီ (၂၅)ရက်နေ့ကတော့ ဇော်ပိုင်ရဲ့ သားလေး ရွှေပိုင်ရဲ့ (၆)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။

ဖေဖေဇော်ပိုင်ကတော့ သားလေးအတွက် မွေးနေ့ဆုတောင်းစာလေး ရေးပေးထားတာတွေ့ရပါတယ်။ ” ဖေဖေမေမေတို့အရမ်းချစ်ရတဲ့ သားလေး ရွှေပိုင် (၆)နှစ်ပြည့်မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ လိမ္မာယဉ်ကျေးသော ထူးချွန်ထက်မြက်သော ပညာတတ် လူတော်လူကောင်းလေးဖြစ်ပါစေ” လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ဖေဖေဇော်ပိုင်က သူ့သားလေးရဲ့မွေးနေ့မှာ “ဖေဖေမေမေ အလုပ်မအားလို့ မွေးနေ့မှာ ဘုရားကို ဖိုးဖိုးဖွားဖွား မမတွေနဲ့ပဲသွားရတဲ့ ရွှေပိုင်ရဲ့ (၆)နှစ် ပြည့်မွေးနေ့” ဆိုတဲ့ စာလေးနဲ့ သားလေးရဲ့ပုံလေးတွေကို အလွမ်းပြေ တင်ထားတာတွေ့ရပါတယ်။ ဇော်ပိုင်ဟာ သားလေးမွေးနေ့မှာ မိသားစုတွေ အတူမရှိနေနိုင်လို့ စိတ်မကောင်းဖြစ်နေပုံရပါတယ်။

source : Zaw Paing