အသက် (၁၉)နှစ်သာရှိသေးတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် ယွန်းဝတီလွင်မိုးက နှစ်သစ်မှာ အိမ်ထောင်ပြုသွားခဲ့လို့ နှမြောနေတဲ့ ပရိသတ်တွေ ရှိနေခဲ့ပါတယ်။ သူမ အိမ်ထောင်ကျသွားခဲ့ပေမယ့် သူမရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အင်စတာဂရမ်မှာ မျှဝေလေ့ရှိပါတယ်။ လူငယ်ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော် ယွန်းဝတီလွင်မိုးလေးဟာ ရိုးရှင်းတဲ့သဘာဝအလှကြောင့် ရေပန်းစားနေခဲ့သူပဲဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ အကယ်ဒမီ မင်းသားကြီးလွင်မိုးရဲ့ သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးက ကြောငြာတွေ၊ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ သူမက ပြည်ပမှာကျောင်းတက်ပြီးအပြန်မှာ ချစ်သူကောင်လေးနဲ့ နှစ်ဖက်မိဘ သဘောတူတဲ့ မင်္ဂလာပွဲလေးကို ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။

သူမလက်ထပ်သွားတာနဲ့ပတ်သက်ပြီး တချို့ပရိသတ်တွေက နှမြောကြသလို တချို့ပရိသတ်တွေကလည်း ကြေကွဲနေခဲ့ကြပါတယ်။ ပရိသတ်အားပေးမှုတွေကို အခိုင်အမာရထားတဲ့ ယွန်းဝတီလွင်မိုးကတော့ သာယာအေးချမ်းတဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးဘ၀ကို ပိုင်ဆိုင်ထားရပါတယ်။

source : Instagram