သြစတြေးလျမှာ ကျောင်းတတ်နေတဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ပုံလေးတွေကိုတော့ “Graduation day ” ဆိုပြီး တင်ထားတာပါ။

ယွန်းဝတီလွင်မိုးကတော့ နာမည်ကျော်မင်းသားကြီး လွင်မိုးရဲ့ သမီးအကြီးပါ။သူမဟာ အနုပညာ အလုပ်တွေ လုပ်နေရင်းနဲ့ လုံးဝရပ်ပစ်လိုက်ပြီး ပညာရေးဘက်ကိုပဲ အားစိုက်နေတာပါ။သူမ အနေနဲ့ကလည်း သူမကိုယ်တိုင်ကလည်း အနုပညာထက် ပညာရေးဘက်ကို အားသန်သူပါ။ အင်တာဗျူးတစ်ခုမှာဆိုရင်တော့ အနုပညာသမား တစ်ယောက်ထက်စာရင် ပညာတတ်တဲ့ သမီး တစ်ယောက် ဖြစ်ချင်ကြောင်းနဲ့ ကျောင်းပြီးဖို့ဆိုရင် သုံးနှစ်လောက်တော့ ကြာအုံးမယ်လို့  ဖြေခဲ့ဖူးပါ တယ်။

နိုင်ငံခြားကနေ ပြန်လာတဲ့ အချိန်တွေမှာဆိုရင်လည်း အလျင်းသင့်ရင် သင့်သလို  ကြော်ငြာတွေ ရိုက်ကူးပေးတာတွေကိုလည်း တွေ့ရပါတယ်။သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာလည်း ပရိသ တ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ပုံလေးတွေ တောက်လျောက်တင်ပေးနေတာကို တွေ့ရပါတယ်။

from ယွန်းဝတီလွင်မိုးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။