မင်းသားကြီးလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ လက်တလောမှာတော့ သြစတြေးလျမှာ ကျောင်းတက်နေပါတယ်။ ဒီဇင်ဘာ(၅)ရက်နေ့တုန်းက သူမရဲ့ fb မှာ “Graduation day” ဆိုပြီး ဓါတ်ပုံလေးတွေ တင်ခဲ့ပါသေးတယ်။

ယွန်းဝတီလွင်မိုးဟာ အခုဆိုရင် တက္ကသိုလ်တက်ဖို့ college foundation ကိုအောင်မြင်သွားပြီလို့ သိရပါတယ်။ သူမရဲ့ အောင်မြင်မှုအတွက် ကိုယ်တိုင်လည်း ပျော်ရွှင်နေသလို သူမအတွက် ဆုတောင်းပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တဲ့ FB POST တစ်ခု တင်ထားပါတယ်။ အဲဒီ Post မှာတော့ သူ့ရဲ့ Page မှာ အမြဲတမ်းရယ်စရာ Comment လေးတွေ ရေးပေးပြီး ပျော်ရွှင်နေကြတဲ့အတွက် ၀မ်းသာကြောင်းနဲ့ reply မပြန်ဖြစ်ပေမယ့် Comment တွေကိုတော့ ပုံမှန်ဖတ်ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။ Post အပြည့်အစုံကတော့…

 

“University ကိုတက်ရောက်ခွင့်ရဖို့အတွက် college foundation အောင်မြင်ပြီးသွားပါပြီ ခေးရဲ့အောင်မြင်မှူအတွက် ချစ်ခင်စွာ ဆုတောင်းပေးကြတဲ့ ခေးရဲ့fan တွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင့် ခေးရဲ့Page မှာ အမြဲတမ်း ချစ်စရာ ,ရီစရာ comments လေးတွေရေးပြီး ပျော်ရွှင်နေကြတာကိုလဲ ဝမ်းသာပါတယ်, comments တွေကို reply မလုပ်နိုင်ပေမဲ့လဲ အမြဲဖတ်ဖြစ်ပြီး အမြဲပျော်ရွှင်ရပါတယ်, တိုင်းပြည်ကိုလွမ်းတဲ့စိတ်, အိမ်ကို လွမ်းတဲ့စိတ်လေး တွေကို သက်သာအောင် ခေးကို ပျော်အောင် ရေးပေးကြတဲ့ သူတွေကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်..” ဆိုပြီး တင်ထားပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ fb post အောက်မှာဆိုရင် အမျိုးသားတွေက၀င်ပြီး သူမကို ဘယ်လောက် သဘောကျကြောင်း ဖော်ပြထားတဲ့ Comment တွေ ၀င်ရေး ကြပါတယ်။ ယွန်းက အဲ့ဒီ Comment တွေအတွက် စိတ်မဆိုးဘဲ သူမကို ပျော်အောင်ရေးပေးကြလို့ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောထားတာပါ။

ယွန်းဝတီလွင်မိုးရဲ့ fb Post အောက်မှာ Comment ၀င်ရေးကြသူ အများစုဟာ အမျိုးသားတွေပါ။ ရိုင်းစိုင်းတဲ့ Comment မျိုးတွေကတော့ မရှိသလောက်နည်းပါးပြီး ရယ်စရာ Comment တွေကိုပဲ အများဆုံးတွေ့ရပါတယ်။

 

from ယွန်းဝတီလွင်မိုးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။