သရုပ်ဆောင် မင်းသမီးချောလေး ယုသန္တာတင်ကတော့ သူငယ်ချင်းတစ်ဦးရဲ့ မင်္ဂလာဆောင်အတွက် သတို့သမီးအရံအဖြစ် ကူညီပေးခဲ့တာကို တွေ့ရပါတယ်။ ဒီမင်္ဂလာပွဲမှာ သတို့သမီးအရန်အဖြစ် ယုသန္တာတင်အပြင်၊ ပရိသတ်အချစ်တော် မင်းသမီး (၃)ယောက်ကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ ကိုယ်စီ တစ်ယောက်တစ်မျိုး အပြိုင်လှနေကြပါတယ်။

သတို့သမီးအရန်ဝတ်စုံလေးနဲ့ လှနေတဲ့ ယုသန္တာတင်ကတော့ အရမ်းကို ပျော်နေပုံရပါတယ်။ သူမ ပျော်နေတာလေးကိုလည်း “သူငယ်ချင်းတွေ မိတ်ဆွေတွေ မင်္ဂလာဆောင်ရင် ပျော်တာ ပျော်တာ ကိုယ့်ပွဲလိုပဲ” ဆိုပြီး သူမရဲ့ Facebook မှာ တင်ထားတာတွေ့ရပါတယ်။ သူမရဲ့ အလှပုံရိပ်လေးတွေကို ရှုစားကြည့်ပါဦး။

source : Yu Thandar Tin