အနုပညာလောကထဲကို ငယ်ငယ်တည်းက ကလေးသရုပ်ဆောင်အဖြစ် ၀င်ရောက်လာခဲ့တဲ့ မင်းသမီးချောလေးယွန်းယွန်းကတော့ အသက်(၁၈)နှစ်ပြည့်သွားပါပြီ။ ယွန်းယွန်းက ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားသူပဲဖြစ်ပါတယ်။

အသက် (၁၈)နှစ်ပြည့်သွားပြီဖြစ်တဲ့ သူမကတော့ မနေ့က (၁၅)ရက်နေ့မှာ မွန်မြတ်လှတဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ သူမက နှလုံးခွဲစိတ်လူနာတစ်ဦးအတွက် သွေးအရေးပေါ်လိုတာနဲ့ ရန်ကင်းကလေးဆေးရုံမှာ သွားလှူဒါန်းပေးဖြစ်ခဲ့တယ် လို့ဆိုခဲ့ပါတယ်။ သူမကိုယ်တိုင် လူ့အသက်တစ်ချောင်းကို ကယ်တင်ခွင့်ရခဲ့လို့ ၀မ်းသာမဆုံးဖြစ်နေခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ယွန်းယွန်းက သူမရဲ့ဖေ့ဘွတ်ပေါ်မှာ “ဘဝမှာ ပထမဆုံးပါပဲ..။ ဒီနေ့ နှလုံးခွဲစိတ်လူနာတစ်ဦးအတွက် သွေးအရေးပေါ်လိုတာနဲ့ ရန်ကင်းကလေးဆေးရုံမှာ သွားလှူဒါန်းပေးဖြစ်ခဲ့ပါတယ်..ကိုယ့်ခန္ဓာကိုယ်ထဲက ထွက်သွားတဲ့သွေးတွေ အိတ်ထဲမှာပူနေတုန်းမှာပဲ Operation room ထဲကိုယူသွားတဲ့အတွက် လူတစ်ယောက်ရဲ့အသက်ကိုကယ်ဖို့ ထိထိရောက်ရောက် ကူညီပေးလိုက်နိုင်တယ်လို့ ခံစားရလို့ အရမ်းဝမ်းသာမိတယ်..”

ဒါ့အပြင် “စိတ်ရှည်လက်ရှည်နဲ့ အနားမှာ ဖြစ်ချင်တာမှန်သမျှ အလိုလိုက်ဖြည့်ဆည်းပေးတဲ့ ဖေဖေနဲ့မေမေကိုလည်း ကျေးဇူးများကြီးတင်ပါတယ်..။”လို့ရေးခဲ့ပြီး သူမသွေးလှူနေတဲ့ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။

source : Yoon Yoon