ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးချော ယွန်းယွန်းက ရုပ်ရှင်လောကထဲကို ကလေးသရုပ်ဆောင် အရွယ်ကတည်းက ရောက်ရှိနေခဲ့တာပဲဖြစ်တယ်။ ယွန်းယွန်းက ပညာရေးမှာလည်း ထူးချွန်သူဖြစ်ပြီး၊ ဆယ်တန်းကို ဂုဏ်ထူးနှစ်ခုနဲ့ အောင်မြင်ခဲ့ပြီး တက္ကသိုလ်ရောက်တော့လည်း စိတ်ပညာဘာသာရပ်ကို ပထမနှစ်စာမေးပွဲကြီးမှာ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ယွန်းယွန်းကတော့ ပညာဘက်မှာ ကြိုးစားခဲ့သလို၊ အနုပညာဘက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီရွှေစင်ဆုကို ရယူထားနိုင်ခဲ့သူပါ။ ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ ယွန်းယွန်းတစ်ယောက် အခုလတ်တလောမှာလည်း Photo Model အဖြစ်ဓာတ်ပုံတွေ ဆက်တိုက်ရိုက်နေခဲ့ပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို သူမဖေ့ဘွတ်အကောင့်ကနေ မျှဝေနေခဲ့ပါတယ်။

ပရိသတ်ကြီးအတွက် ယွန်းယွန်းရဲ့ အပြုံးချိုချိုလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ Jean စတိုင်ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အကောက်ပုံစံလေးနဲ့ လှနေတဲ့ယွန်းလေးရဲ့ Jean ဖက်ရှင် ပုံရိပ်လေးတွေပဲဖြစ်တယ်။

source : Yoon Yoon’s fb