ယွန်းယွန်းကတော့ အနီရောင်ချိတ်ဝမ်းဆက်လေးနဲ့ အရမ်းကို လှနေပါတယ်။ THEIA Jewellery ဆိုင်ဖွင့်ပွဲလို့ သိရပါတယ်။

သူမ၀တ်ဆင်ထားတဲ့ ၀မ်းဆက်လေးကတော့ Designer htayhtaytin Shimizu ရဲ့ လက်ရာလို့ သိရပါတယ်။ အနီရောင်ချိတ်မှာ အ၀ါရောင်ချိတ်အဆင်းလေးတွေ ပါပါတယ်။

ယွန်းယွန်းတစ်ယောက် ဒီရက်ပိုင်းမှာ စာမေးပွဲနဲ့ အလုပ်တွေ ဆက်ပြီး နည်းနည်းလေးတောင် ပိန်သွားတာကို တွေ့ရပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ပွဲလေးတွေတက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။

FROM ယွန်းယွန်းရဲ့ FB

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။