ဇန်န၀ါရီလ (၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးနဲ့ ထက်ဦးလှိုင်တို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲကို ကမ္ဘာအေးမှာ ပြုလုပ်ခဲ့တာပဲဖြစ်တယ်။ မင်္ဂလာဆွမ်းကျွေးပွဲကို အနုပညာရှင်ပေါင်းများစွာ တတ်ရောက်လာခဲ့ကြတဲ့အပြင် တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ No အဖွဲ့မှ ရည်မွန်နဲ့ ရတနာ တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။

No အဖွဲ့ရဲ့ သီချင်းတွေက အမျိုးသမီးပရိသတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ စွဲကျန်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့အဖွဲ့ရဲ့ နောက်ထပ်သီချင်းတွေကို စောင့်မျှော်နေကြဆဲပဲလို့သိရတယ်။ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံနဲ့ No အဖွဲ့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Hannwe Soe (Celenow)