ယုန်လေး၊ နန်းမော်နဲ့ G fatt တို့ ပါဝင်ပတ်သက်နေတဲ့”ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၂” ဇာတ်ကား  ကြော်ငြာ ပိုစတာကိစ္စဟာ အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။ အရင်ပိုစတာဟောင်းမှာ သူ့ပုံပါပေမယ့် နောက်ပိုစတာမှာ သူ့ပုံ မပါတဲ့ကိစ္စနဲ့ပတ်သက်ပြီး နန်းမော်က သူမရဲ့ fb မှာ ပုံ(၂)ပုံကိုယှဉ်ပြပြီး Post တင်ခဲ့တာပါ။

“ပထမပုံနဲ့ဒုတိယပုံရဲ့ကွာခြားချက်ပေါ့နော်

ပထမဆုံးပြောချင်တာက ကိုယ်ကလူရာမဝင်လို့လား
မင်းသမီးမဟုတ်လို့ ပုံထဲမထည့်တာလား ဘာလို့လဲတော့မသိဘူးပေါ့ ဒါပေမယ့်ပထမတခေါက် ပိုစတာထွက်မယ့်ထဲတော့နာမည်ရောပုံရောပါပြီး ဒုတိယတခေါက် အတည်တင်ပါတော့မယ်ဆိုတော့ နာမည်ပါပြီးပုံမပါဘူး အဲ့ဆိုအစကတည်းက နာမည်ရောလူရော ပါခိုင်းမနေနဲ့လေ ကိုယ်ကနာမည်မရှိလို့ အရေးမကြီးပါဘူးဆိုပြီး အချိုးချိုးတာလား ဒီကားထဲမှာ နာမည်ရှိတဲ့အနုပညာရှင်တွေတောင် ပုံမပါဘူး နာမည်ပဲပါတယ်ဆိုတာမျိုးတော့ လာမပြောပါနဲ့နော် သူတို့ကနာမည်ကြီးအနုပညာရှင်တွေပါ သူတို့ဆိုတာ ရုပ်မပါတောင် နာမည်ကြားတာနဲ့ လူတိုင်းကသိတယ် နန်းမော်ဆိုတာ အခုမှနာမည်ရဖို့တည်ဆောက်နေရတဲ့သူပါ နာမည်ရေးထားရုံနဲ့ ဘယ်သူမှမသိပါဘူး အနုပညာသမားဆိုတာ ပရိသတ်က လူရောနာမည်ရောတွဲမိမှ မှတ်မိတာပါ အလုပ်နဲ့personal ကိုခွဲခြားထားစေချင်ပါတယ် ထားလိုက်ပါတော့ အခုပြောနေတာတွေက ဘာပြဿနာမှဖြစ်ချင်လို့မှမဟုတ်ဘူး ကိုယ့်ပုံမပါလို့ ဒေါသနည်းနည်းထွက်သွားလို့ပြောပြတာပါ

ကျေးဇူးပါရှင့် နန်းမော်ဒီထက်မကကြိုးစားပါ့မယ်

ဤကားကြီးအောင်မြင်ပါစေ…” ဆိုပြီး တင်ခဲ့တာပါ။

နန်းမော်ရဲ့ post ကို ယုန်လေးက နန်းမော်ရဲ့ အကောင့်ကိုပါ tag လုပ်ပြီး G Fatt နဲ့ မသက်ဆိုင်ကြောင်း အခုလို ပြန်ရှင်းခဲ့ပါတယ်။

“အစ်ကိုပဲ တောင်းပန်ပါတယ်ညီမလေးရေ။
အစ်ကိုက အားလုံးကို တာဝန်ယူထားတဲ့ သူ အကြီးဆိုတော့ အစ်ကို တောင်းပန်ပါတယ် ညီမလေး။
G Fatt နဲ့ လုံးဝမဆိုင်ပါဘူး။
အစ်ကိုလည်း ဒီကားကိုတင်ဖို့ အရမ်း Try နေရတာက
အလုပ်အရမ်းရှုပ်တယ်နားလည်
စေချင်တယ်ညီမလေး .
တစ်ခုရှိတာက
ညီမလေး ပုံမပါလို့ပြောမယ်ဆို
အစ်ကို့ ကို ဝင်ကူထားတဲ့
ရဲလေး Cobra ခင်မြဇ္ဇူခိုင် KNyi
မိုးထက် Ibeatz ထက်နိုင် သားလတ် မထူးမွန်
သူတို့ပါ Photo မထည့်ပေးလို့
အမြင်ဆောင်းမယ်ဆိုရင်
အစ်ကို ဘယ်လိုလုပ်ရမလဲ
အားလုံးထည့်ရင်လည်း
ထုံးစံ ရှေးရှေးက ကားတွေလို
Design က အသုပ်စုံလို့ဖြစ်နေမှာပေါ့။
ညီမလေး အစ်ကို့ကို နားလည်စေချင်ပါတယ်။
အစ်ကို့  က တစ်ဇောက်ကန်းပါ။

ဒီလိုဝိုင်းပြောတော့မှ ပုံပြန်လုပ်ပေးတယ်ဆိုပြီး အပြောခံမယ့် ကောင်မဟုတ်ဘူး။
ဒါပေမဲ့ ကြိုက်တာပြောပေါ့ အစ်ကိုလည်း ညီမလေး သံယောဇဉ်ရှိတဲ့ အတွက် ပုံချက်ချင်း Design သမားကိုပြန်လုပ်ဖို့ချက်ချင်းပြောခိုင်းမယ်နော် ။
၃၀ မိနစ်လောက်စောင့် ညီမလေး ဒီ Status မှာပဲ အစ်ကို Design ရတာနဲ့ လာပို့ပေးပါမယ်။
အစ်ကို့ ကိုလည်း အစ်ကိုအရင်းလို
အရင်လို သံယောဇဉ်ရှိသေးရင်
ဝင်ကူပါ ညီမလေးရေ . တကယ်ကို အခက်ခဲများစွာပါ ရုံလေးတင်ရဖို့ကို
တော်တော် ခက်ခဲနေလို့ပါ ညီမလေးရယ်။
ကိစ္စ အားလုံး အတွက် ဘာဖြစ်ဖြစ်တောင်းပန်ပါတယ်နော် ညီမလေး .
နန်းမော်လေးရဲ့ ချစ်ခင်သူ ပရိတ်သတ်များကို လည်း ကျွန်တော်တောင်းပန်ပါတယ်။
ညီလေး G Fatt နဲ့ လုံးဝမဆိုင်ပါဘူး။
အစ်ကို့ကြောင့်ပါ။…” ဆိုပြီး ပြန်ရှင်းထားခဲ့ပါတယ်။
ယုန်လေးရဲ့ Post အောက်မှာတော့ နန်းမော်က …
ကိုကြီးအလုပ်ရှုပ်နေတယ်ဆိုတာ ညီမနားလည်ပါတယ် ဒီကိစ္စကိုပြောကတည်းက ဘယ်သူ့ကြောင့်ပါဆိုပြီး ညီမရည်ရွယ်ပြီးပြောထားတာ မပါပါဘူးနော် ညီမပုံ အစကပါပြီး အခုပုံထဲကျ မပါလို့ပြောပြတာပါ ညီမပုံကိုမထည့်ချင်ရင် ပိုစတာမဆံ့ဘူးဆိုလည်း အစကထဲကမထည့်နဲ့ ရပါတယ် ညီမ မပါလည်းဘာမှမဖြစ်ဘူး အရင်ကပါပြီး အခုတင်မှမပါလို့ ပြောမိတာလေးပါ ကိုကြီးတောင်းပန်စရာမလိုပါဘူး ညီမနားလည်ပါတယ် ခုလိုပြင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်ကိုကြီး…” ဆိုပြီး ပြန်မန့်ထားပါတယ်။
နန်းမော်ပြောတဲ့personal ဆိုတာ သူ့ကြောင့်ပါလို့ဆိုလိုတာ မဟုတ်ပါဘူး နန်းမော်ပြောချင်တာက သူနဲ့မပက်သတ်တော့လို့ ပုံမထည့်တာလား မပတ်သတ်တော့လို့ မထည့်ဘူးဆိုရင် မလုပ်စေချင်ဘူး အလုပ်ကအလုပ်ပါ အတိတ်ကအတိတ်ပါလို့ပြောချင်တာပါ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်ဖို့ပြောခြင်း ဆိုလိုခြင်းမဟုတ်ပါဘူး” ဆိုပြီး မန့်ထားတာကိုလည်း တွေ့ရပါတယ်။
 
from နန်းမော်နဲ့ယုန်လေးရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။