ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်ရဲလေးကတော့ သူ့ရဲ့ တကိုယ်တော်ရှိုးပွဲကြီးကို ၂၀၁၇ ဒီဇင်ဘာလ ၂ရက်နေ့ (စနေနေ့)မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

အဲဒီရှိုးပွဲကိုတော့ ‘My WORLD MY FANS MY SHOW’ လို့ အမည်ပေးထားပြီးတော့ အောက်တိုဘာ (၁၁)ရက်နေ့မှာ ရှိုးလုပ်မယ့်အကြောင်းကို ပရိသတ်ကို အသိပေးခဲ့တာဖြစ်ပါတယ်။

ရှိုးပွဲလက်မှတ်တွေကိုတော့ YLJK Entertainment ရဲ့ ပေ့ဂ်ျဖြစ်တဲ့ ‘My WORLD MY FANS MY SHOW’ ဖေ့စ်ဘုတ်ပေ့ဂ်ျကနေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ (၁၅)ရက်နေ့မှာ လက်မှတ်တွေကို စတင်ရောင်းချပေးသွားမှာဖြစ်လို့ အချိန်မှီဝယ်ယူနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။ ရဲလေးကို အားပေးဖို့အတွက် ‘My WORLD MY FANS MY SHOW’ photo frame လေးတွေနဲ့ ဖေ့စ်ဘုတ်မှာ profile ပြောင်းလို့ရပြီနော်။

Source : Ye Tun Min facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။