ပရိသတ်တွေအားလုံးချစ်ကြတဲ့ ရဲတိုက်ဟာ မူးယစ်မှုနဲ့ ထောင်ဒဏ်ကျခံနေရတာ ၂၀၁၃ ခုနှစ်ကတည်းကပါ။ ထောင်ကျပြီး (၄)နှစ်အကြာမှာတော့ သရုပ်ဆောင် ရဲတိုက် ပြစ်ဒဏ်ကလွတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း  အများကြီးထွက်ပေါ်လာပြီး ပရိသတ်တွေကလည်း ရဲတိုက် ထောင်ကနေထွက်အလာကို စောင့်မျှော်လျက်ရှိပါတယ်။

အခုဆိုရင်တော့ ပြည်သူတွေချစ်ကြတဲ့ သရုပ်ဆောင်ရဲတိုက်ဟာ ၂၀၁၇ နိုဝင်ဘာလ(၁၄)ရက်နေ့မှာ တောင်ငူအကျဉ်းထောင်ကနေ လွတ်လာတော့မှာ ဖြစ်ပါတယ်။

မကြာခင်မှာထောင်ကထွက်လာတော့မယ့် ရဲတိုက်ကို ပရိသတ်တွေကတော့ စောင့်မျှော်နေကြပါပြီ။

Source: ရဲတိုက်ရဲ့ fan page၊ အောင်အောင်ခိုင်

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။