ဖိုက်တင်အက်ရှင်မင်းသားကြီး ရဲမင်းပိုင်ကတော့ ဖေဖော်ဝါရီ (၆)ရက်နေ့မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး မှ အနုပညာ သရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ဆောင်ဖို့အတွက် ခွင့်ပြုရခဲ့ပြီဖြစ်ကြောင်းကို သူရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ကြေညာ လိုက်ပါတယ်။ သူရဲ့ဖိုက်တင်တွေကို လွမ်းနေကြတဲ့ ပရိသတ်တွေကလည်း ပီတိတွေဖြာနေခဲ့ကြပါတယ်။

ရဲမင်းပိုင်က လတ်တလောမှာတော့့ သူရဲ့ဖခင်ဖြစ်သူနဲ့အတူ ရွှေတိဂုံစေတီတော်မြတ်ကို သွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ကျန်းမာရေးမကောင်းတော့တဲ့ အဖေဖြစ်သူက သားဖြစ်သူကို ကောင်းကောင်းတောင် မမှတ်မိချင်သလိုဖြစ်နေပါတယ်။ နှစ်အတော်ကြာမှ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ရဲမင်းပိုင်ကတော့ အနုပညာအလုပ်တွေကို ဆက်လုပ်ခွင့်ရပြီးဖြစ်လို့ သူရဲ့ သရုပ်ဆောင်မှုတွေကို တစ်ဖန်ပြန်မြင်ခွင့် ရတော့မှာဖြစ်ပါတယ်။ အဖေဖြစ်သူနဲ့အတူ ဘုရားဖူးနေတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Ye Min Paing