ဒီကနေ့ (၂၀၁၈)၊ ဇန်န၀ါရီလ (၁၁)ရက်နေ့မှာ ကျရောက်တဲ့ အဆိုတော်၊ သရုပ်ဆောင် ရဲလေးရဲ့မွေးနေ့မှာ ရဲလေးတစ်ယောက်တော့ ပရိသတ်တွေအတွက် မွေးနေ့အမှတ်တရအနေနဲ့ “သူ့အနား” ဆိုတဲ့သီချင်းသစ်တစ်ပုဒ်ကို လက်ဆောင်တင်ပေးလိုက်ပါတယ်။ ဒီသီချင်းကိုတော့ ရဲလေး အပြင် Xbox ကလည်း အားဖြည့်ပြီး သီဆိုပေးထားပါတယ်။

ဇန်န၀ါရီလ (၁၀)ရက်နေ့ညက အဆိုတော်၊ သရုပ်ဆောင် ရဲလေးကအတွက် Birthday Surprise ကို “ကိုယ့်သမိုင်းကိုယ် ရေးကြသူများ” ရုပ်ရှင်ဇာတ်ကားအထူးပွဲအပြီးမှာ အနုပညာမောင်နှမများက ကျင်းပပေးခဲ့ကြပါတယ်။ အနုပညာရှင်တွေသာမကဘဲ ပရိသတ်တွေက ရဲလေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

ရဲလေးကတော့ ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ဇာတ်ကားကို ရိုက်ကူးထားခဲ့တာပဲဖြစ်ပြီး နှင်းဆီအငြိမ့်အဖွဲ့နဲ့အလုပ်တွေပြန်တွဲလုပ်နေသလို နှစ်သစ်မှာပဲ နှင်းဆီနယ်နိမိတ် ဆိုတဲ့ခေါင်းစဉ်နဲ့ အငြိမ့်တွေကို ကပြခဲ့ပါတယ်။ အရင်ကထက် အနုပညာအလုပ်တွေကို ပိုကြိုးစားနေတာကို တွေ့ရပါတယ်။

Thu A Narr – Ye' Lay ft Xbox

Song Title – Thu A Narr ( သူ့အနား )Artist – Ye' Lay ft Xbox Music – Glock Arkar Moe ThoukHarmony – Yehtoo Wai ( Future Record )Mixing – Mixinger BN ( String )Design – Nick ( Han Htun Oo )Lyric Video – #PLIDEA ရဲလေးကိုချစ်တဲ့ပရိသတ်များအတွက် မွေးနေ့အမှတ်တရ နှစ်သစ်လက်ဆောင်လေးပါ?? Like & Share If U Love This Song ?? #ThuANarr #YeLay #Xbox

Posted by YLJK Entertainment on Wednesday, January 10, 2018

source : Ye Tun Min’s facebook