ပရိသတ်တွေကြားမှာ အပြောများနေတဲ့ “မြွေ”ရုပ်ရှင် ဇာတ်ကားမှာ ဥက္ကာမင်းမောင်၊ အောင်လေး၊ စိုးပြည့်သဇင် နဲ့ မေမြတ်နိုးတို့ ပါဝင်သရုပ်ဆောင်ထားပြီး၊ အခုလက်ရှိမှာ စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ ဇာတ်အိမ်ကတော့ တခြားဇာတ်ကားတွေလို မဟုတ်ဘဲ LGBT တွေအတွက် ကိုယ်စားပြုရိုက်ကူးပေးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

စိတ်ဝင်စားမှုခံနေရတဲ့ မြွှေ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ရာဇ၀င်ကိုက ရိုက်ကူးပုံဖော်နေတာပါ။ ဒီဇာတ်ကားမှာ ဥက္ကာမင်းမောင်က Drag Queen နဲ့ Stripper Dancer ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်မှာလို့ သိရပါတယ်။ဥက္ကာမင်းမောင် ကတော့ ဒီဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ထားတာနဲ့ပတ်သက်ပြီး “Acting different characters is really challenging. I did my best for this new movie. “မြွေ” ဗီဒီယို ဇာတ်ကား မှာ ရတဲ့အချိန်တိုအတွင်း ကျရောက်လာတဲ့ ကာရိုက်တာ တစ်ခုပီပြင်အောင် ကျွန်တော် အစွမ်းကုန်ကြိုးစားထားပါတယ်..” လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” တခါမှ Drag Queen လို မဝတ်ဖူးဘူး.. Drag Queen တစ်ယောက်အဖြစ်၊ Stripper Dancer တစ်ယောက်အဖြစ်၊ မလုပ်ဖူးသေးတဲ့ ကာရိုက်တာတစ်ခု တကယ့်အပြင်မှာလဲ ရှိတဲ့ ဇာတ်ကောင်စရိုက်တစ်ခုကို သရုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ မရှက်မကြောက် ရဲရဲတင်းတင်းပဲ သရုပ်ဆောင်ထားပါတယ်.. ” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး “အဲ့ဒီအတွက် အနည်းနဲ့ အများတော့ အဆဲခံရဦးမယ်ဆိုတာလည်း သိတယ်.. .. ပရိတ်သတ်တွေအတွက် ဖျော်ဖြေရေးဇာတ်ကား Entertainment သီးသန့်တင်မဟုတ်ပဲ LGBT Community အတွက် သူတို့ကို ကိုယ်စားပြုပြီးနောက်ထပ်တကား ရိုက်ခွင့်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်.. ပရိတ်သတ်တွေအတွက် အသစ်တစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်.. ဗီဒီယိုဆိုတော့ ရုပ်ရှင်လိုအကြာကြီးမစောင့်ရပါဘူး… ပရိတ်သတ်ရှေ့ အမြန်ဆုံးရောက်ရှိလာမှာပါ..”

“နောက်ထပ်လဲ အဲ့လို Challenging ဖြစ်တဲ့ Character မျိုးတွေဆိုရင် သရုပ်ဆောင်ဖြစ်ဦးမှာပါ.. ဒါရိုက်တာ ရာဇဝင်ကို၊ MS production မှ Producer K, သရုပ်ဆောင်များ၊ စက်အဖွဲ့သားများ အားလုံး၊ ဒီဇာတ်ကားအတွက် မိတ်ကပ်တာဝန်ယူ လိမ်းခြယ်ပေးတဲ့ ဘုန်းငြိမ်းချမ်း(ဘိုဘို)၊ Drag Queen အဝတ်အစားနှင့် ဆံပင်အတွက် တာဝန်ယူပေးတဲ့ မကြီးနို၊ ကျွန်တော့် အဝတ်အစားများအတွက် ဖက်ရှင်ဒီဇိုင်နာ စွမ်းဟိန်း၊ The Vibe မှ ကိုမိုးဇော် နှင့်ဝန်ထမ်းများ၊ Fab & Proud မှ Organizers များ၊ Pyrite Club မှ တာဝန်ရှိသူများ၊ ကကွက်တွေ ဖန်တီးပေးသော လီယို အားလုံးကျေးဇူးအထူးတင်ရှိပါကြောင်း…” ဆိုပြီး Facebook ပေါ်မှာ တင်ထားပါတယ်။ 

source : Ye Htoo Win