လက်တလောမှာတော့ MRTV 4 မှာ ပြသနေတဲ့ “အရိပ်” ဇာတ်လမ်းတွဲက ပရိသတ်တွေကြားမှာ အရမ်းကို နာမည် ကြီး နေပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ မေလ(၁)ရက်နေ့ကမှ စပြီး ပြသခဲ့တာပါ။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် “စုစုလှိုင်” ဆိုတဲ့ မိန်းကလေးနေရာကိုတော့ မေမြင့်မိုရ်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပါ။ စာရေးဆရာမ မစန္ဒာရဲ့ နာမည်ကြီး ၀တ္ထုပါ။ အရင်တုန်းက ဇော်လင်း၊ စိုးမြတ်သူဇာ ၊ ရီဝေယံ၊မင်းမော်ကွန်း၊ ပန်းဖြူတို့နဲ့ ရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ ပန်းဖြူကို အကယ်ဒမီ ပန်းဖြူဖြစ်စေခဲ့တဲ့ ဇာတ်ကားပါ။

ဒါရိုက်တာ ပြည်သစ်နိုင်က ဇာတ်လမ်းတွဲ အဖြစ် ပြန်လည်ပုံဖော် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးရာမှာတော့ ရန်အောင်၊စိုးမြတ်သူဇာ၊မေမြင့်မိုရ်တို့က အဓိက ပါဝင်ထားပါတယ်။ မကြီးစိုးကတော့ တစ်ချိန်တုန်းက စုစုလှိုင်(ပန်းဖြူ)ရဲ့ အမေနေရာ သရုပ်ဆောင်ခဲ့သလိုပဲ ဇာတ်လမ်းတွဲအဖြစ် ပုံဖော်တဲ့ “အရိပ်” မှာလည်း “စုစုလှိုင်” (မေမြင့်မိုရ်)ရဲ့ အမေ နေရာကနေ ပါဝင်ထားပါတယ်။ တခြားအနုပညာရှင်တွေ အနေနဲ့ကတော့  နက္ခတ်၊ ဟိန်းထက်၊ ခေးဆက်သွင်၊ နန်းစန္ဒာလှထွန်း၊ မိုက်မိုက်၊ စိုပြေမြင့်၊ ဟိန်းမင်းသူ၊ ဆန်းတိုးနိုင်၊ ဈူဈူးဈန်၊ မေမီမီကို၊ ဖြိုးအိနြာမင်း ..အစရှိတဲ့ သရုပ်ဆောင်တွေ သူတို့ကျရာဇာတ်ကောင်နေရာကနေ အကောင်းဆုံး ပံ့ပိုးပေးထားတာကို တွေ့ရပါတယ်။

အရိပ် ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့တုန်းက အမှတ်တရပုံလေးတွေကိုကိုရန်လေးက သူ့ရဲ့ fb မှာ ရှယ်ထားပါတယ်။ ပုံတစ်ပုံခြင်းဆီတိုင်းမှာလည်း Caption လေးတွေ ရေးပြီး အမှတ်တရတွေကို ရှယ်ထားပါတယ်။ အဲ့ဒီအထဲကမှ တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။” အရိပ် ” ဇာတ်လမ်း တွဲ ရိုက်ဖို့ အနုပညာရှင်တွေက ဘယ်လောက်တောင်ကြိုး စားပြင်ဆင်ခဲ့သလဲဆိုတာကို ကိုရန်လေးရဲ့ အမှတ်တရ ပုံတွေကို ကြည့်ရင်သိနိုင်ပါတယ်။

(“အရိပ်” ဇာတ်လမ်းတွဲအတွက်
ဇာတ်လမ်းထဲက ဦးသာလှိုင် မိသားစုအိမ်မှာ ချိတ်ဆွဲဖို့ မိသားစုဓါတ်ပုံကို မရိုက်ခင်တစ်လလောက်ကတည်းကအရင်ကြိုရိုက်ကြပါတယ်..(မှတ်မှတ်ရရ ၂၀၁၇ မေလ ၁၆ ရက်နေ့ကပေါ့)လူငယ်ဒါရိုက်တာတွေ အလွန်တော်လေသည်..
)

(ခင်ဦးအဖြစ် သရုပ်ဆောင်မယ့် ညီမလေးဈူဈူးဈန် နဲ့လဲ ဇာတ်လမ်းအတွက်ကြိုတင်ပြင်ဆင်ကြပြန်တယ်)

(ကင်မရာနှစ်လုံးတစ်ပြိုင်တည်း အနီးကပ်ရိုက် တဲ့အတွက် (ဖေါ့ချပ်မှန်)များ ထိုးပေးရာမှာ,ခေါင်းမလွတ်၍ စောင်းထိုးရပုံ.)

(ဒီဇာတ်ဝင်ခန်းကို ချစ်သူများ ကြည့်ပြီးပြီထင်ပါတယ်…(ကျွန်တော်ပြောပြချင်တာက မှန်တင်ခုံအပေါ်မှာ ချိတ်ထားတဲ့ လင်မယားနှစ်ယောက်ပုံအတွက် ဓါတ်ပုံရိုက်စဉ်က ကျွန်တော် တစ်ယောက်ထည်း ခုံလေးကိုင်ပြီး စိုးမြတ်သူဇာကြီး ရှိနေပါတယ်ဆိုပြီး ရိုက်ခဲ့တာ။
ဟော !! ပုံထွက်လာတော့..,ပြုံးပြုံးကြီးနဲ့ ငုတ်တုတ်ကြီးထိုင်လို့ ….,,အတတ်ပဒတ်တွေ..
)

(အဟဲ..ယိုးဒယားငါးပိထောင်းနဲ့ မချစ်စုသရက်သီးနဲ့ ပြီးရော…လက်မလည်ဘူး..)

(ဇာတ်လမ်းအစ ဒီမိသားစုရဲ့ ဇာတ်ကောင်စရိုက်တွေကိုဖေါ်ကြူးထားပုံ..)

(ဇာတ်ကားထဲမှာတော့ နှစ်ယောက်ထဲ
အပြင်မှာတော့ တစ်ပြုံကြီး ဝိုင်းကြည့် ဝိုင်းရိုက်ကြတာပါ…လို့..)

(မိုးတွေရွာလိုက်,တိတ်လိုက်,အိပ်ရေးတွေပျက်လိုက်, မိုးလင်းလိုက်နဲ့ အတော်ကို ရိုက်ကူးကြရပါတယ်,ပါဝင်တဲ့ဇာတ်ကောင်,မိသားစုတွေ များလို့ တော်တော်ဂရုစိုက်ပြီး ရိုက်ကူးရတဲ့ “အရိပ်”)

(ကပ်သီးကပ်သတ် အလင်းရောင်ကိုကာပေးရတယ်။စတူဒီယိုမရှိသေးတဲ့ဘဝ ဆိုတော့..)

ပြောတော့ ပြောလိုက်တယ်…,
(ဘာပြောလိုက်တယ်ဆိုတာ မှတ်မိလားဗျာ..
မှတ်မိတဲ့သူက တစ်ကယ် စိတ်ဝင်တစ်စားကြည့်ထားသူရယ်လို့ ဂုဏ်ပြုပါ့မယ်

from ရန်အောင်