အမြဲတမ်း နုပျိုနေတဲ့ မင်းသားကြီး ရန်အောင်ကတော့ အခုဆိုရင် ပြင်ဦးလွင်မြို့မှာ “ငယ်ပါသေးတယ်”ဆိုတဲ့ ရုပ်ရှင်ကားကို သွားရောက်ရိုက်ကူးလျက်ရှိပါတယ်။

ဒီဇာတ်ကားမှာတော့ ရန်အောင်၊ထွန်းထွန်း၊ကျော်ရဲအောင်၊နေဒွေး တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

“ငယ်ပါသေးတယ်” ဇာတ်ကားကိုတော့ ဖောင်းတောရွာမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်ကနေ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရိုက်ကွင်းက ဓါတ်ပုံတွေအရတော့ ဒီဇာတ်ကားဟာ ဟာသကားလေး ဖြစ်ပုံပေါ်ပါတယ်။ အလွမ်း၊အကြမ်း၊ဟာသ ဇာတ်ရုပ်မျိုးစုံမှာ ပီပြင်လွန်းလှတဲ့ မင်းသားကြီး ရန်အောင်ကို ဒီကားမှာလည်း ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ ရှုစားရမလဲ ဆိုတာတော့ “ငယ်ပါသေးတယ်” ရုပ်ရှင်ကားမှာ ပရိသတ်တွေစောင့် ကြည့်ကြရမှာ ဖြစ်ပါတယ်။

Source: Yan Aung facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။