အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့နှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၁)နှစ်ပြည့်သွားကြပါပြီ။ ရဲရင့်အောင်က သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်အတွက် သူနဲ့ ဧငြိမ်းဖြူနဲ့အတူ စုံတွဲရိုက်ထားတဲ့ဓာတ်ပုံကို လက်မောင်းပေါ်မှာ တက်တူးထိုးပြီး Surprise လုပ်ပေးခဲ့ပါတယ်။

Surprise လုပ်တာနဲ့ပတ်သတ်ပြီး ဧငြိမ်းဖြူကလည်း အရမ်းအံ့သြခဲ့ရပြီး၊ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ ရဲရင့်အောင် လက်မောင်းပေါ်က တက်တူးနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။

အရင်သူရဲ့တက်တူးပုံက အဝေးကနေသာရိုက်တဲ့ပုံဖြစ်ပြီး အခုမှာတော့ တက်တူးရဲ့ပုံကိုအနီးကပ်ရိုက်ပြလိုက်တဲ့အခါမှာ ပရိသတ်တွေက တက်တူးဆရာကို အမျိုးမျိုး ဝေဖန်ထားကြတာတွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ အရင်အတိုင်းပဲ နှစ်ယောက်အတူ အနုပညာလမ်းကို လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်းကို လူမှုကွန်ယက်ပေါ်မှာသာမက ပြင်ပ လူနေမှုဘဝမှာပါ သြလေ့ရှိသူများ ဖြစ်ပြီး၊ ပရိသတ်တွေက အားကျရတဲ့စုံတွဲဖြစ်ပါတယ်။

source :Yair Yint Aung