ပရိသတ်ရဲ့အသည်းကျော် အဆိုတော် X box ရဲ့ သီချင်းတွေကတော့ လူငယ်တွေကြားမှာ ခေတ်စားလို့နေပါတယ်။ လက်ရှိမှာတော့ X box တစ်ယောက် တရုတ်ပြည်ကို Oppo ဖုန်းအတွက် ကြော်ငြာရိုက်ကူးဖို့ ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

တရုတ်ပြည်ကို ရောက်နေတဲ့ X box က ဒီနေ့ ဇန်န၀ါရီလ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ Crush လေးအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။ သူရဲ့ မွေးနေ့ဆုတောင်းကို ပရိသတ်တွေကလည်း သဘောကျ နှစ်ခြိုက်နေကြပါတယ်။

X box က သူရဲ့ ဖေ့ဘွတ်အကောင့်မှာ “မနက်ဖြန် Crush လေးရဲ့မွေးနေ့ပဲ Happy Birthday ပါ” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်တယ်။ ဒီ Birthday Wish ထက် သူ့ရဲ့ Crush က ဘယ်သူလဲဆိုပြီး ပရိသတ်တွေက  စိတ်ဝင်စားနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စတေးတပ်ကြောင့် X box မှာ ကြိတ်ခိုက်နေရတဲ့ ကြင်သူတစ်ယောက်တော့ ရှိနေပြီလို့ ပရိသတ်က ကောက်ချက်ချနေပါတယ်။

X box ကတော့ သူ့ရဲ့ Crush ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောထးတာတွေ မရှိခဲ့ပေမယ့် ထူးဆန်းစွာနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာတော့ “နော်ဖောအယ်ထား”ရဲ့မွေးနေ့ ဖြစ်နေပါတယ်။ နော်ဖောအယ်ထားကတော့ လူမှုကွန်ရက်မှာ သူမရဲ့မျက်နှာအလှကြောင့် နာမည်ကြီးနေသူဖြစ်ပြီး လတ်တလောမှာတော့ ပိုင်တံခွန်နဲ့ ဗီဒီယိုရိုက်ကူးနေတယ်လို့ သိရပါတယ်။

တချို့ ပရိသတ်တွေကလည်း X Box ရဲ့ Crush ဘယ်သူလဲဆိုတာ သိနေကြသလို ၊ တချို့ ပရိသတ်တွေကလည်း ဘယ်သူဆိုတာကို ထင်ကြေးအဖြစ်သာ ပေးခဲ့ကြပါတယ်။

source : Ye Gaung Phoo’s fb