ဝိုင်းလေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ရော Miss World Myanmar တစ်ယောက် အနေနဲ့ပါ အောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။ ဂီတဘက်မှာဆိုရင်လည်း သူမရဲ့ သီချင်းတွေက မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေပြီးသားပါ။ ဂီတဘက်မှာလည်း နေရာတစ်ခု အခိုင်အမာရအောင် ကြိုးစားနေသူပါ။ “လက်ခံပြီးသား” သီချင်းပိုင်ရှင် ၀ိုင်း လေးကတော့ သူမ စိတ်ထဲမှာ အားငယ်သိမ်ငယ်စိတ်တွေ ၀င်နေတယ်လို့ ရင်ဖွင့်လာပါတယ်။

ဝိုင်းလေးတစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဦးလွင် ပန်းပွဲတော်မှာ သွားရောက်ဖော်ျဖြေခဲ့ပါတယ်။ ပန်းပွဲတော်မှာ အဆိုတော် နိုင်းဝမ်း၊ ရွှေထူး၊ လွှမ်းပိုင်တို့အပြင် တခြားနာမည်ကြီး အဆိုတော်တွေ အများကြီးလည်း သွားရောက်သီဆိုဖျော်ဖြေကြတာကို တွေ့ရပါတယ်။ ပန်းပွဲတော်က အဆိုတော်တွေရဲ့ ဓါတ်ပုံတွေကိုတင်ကြတဲ့အခါ သူမရဲ့ပုံပါမလာတဲ့အတွက် သိမ်ငယ်စိတ်ဝင်မိတယ်လို့ ၀ိုင်းလေးက အခုလို ရင်ဖွင့်ခဲ့ပါတယ်။

“ပန်းပွဲတော်က အဆိုတော်တွေရဲ့ ဓာတ်ပုံလေးတွေတင်ကြတာ အားရပါးရပဲ သမီးပုံလေးတွေ ပါမလာဘူး? ကိုယ်က ဘာမှမှ မဟုတ်သေးတာ ?သမီးများင်္ကြး ကြိုးစားရအုန်းမယ် သိမ်ငယ်လိုက်တာ ဟီးးး??? Kyaw Zin Latt ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ အိုပါးရေ…”သူမကို ဖိတ်ခေါ်ပေးတဲ့ အဆိုတော် နိုင်းဝမ်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောထားပါတယ်။

FROM ၀ိုင်းလေးရဲ့ FB