လက်ရှိရေပန်းစားနေတဲ့ “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံကျော်မင်းသမီးချော ၀တ်မှုန်ရွှေရည်ဟာ ပီပြင်တဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အ၀ ရရှိထားသူပဲဖြစ်ပါတယ်။ “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ လရိပ်အေးအဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ မင်းသားအောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်စားလောက်တဲ့ ဇာတ်ဝင်ခန်းများ ပါဝင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး လရိပ်အေးအဖြစ် သရုပ်ဆောင်ထားတဲ့ ၀တ်မှုန်ရွှေရည်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ” ရိပ်ကိုချစ်လား ဘယ်အခန်းတွေချစ်လဲ ပြောပြခဲ့” ဆိုပြီး ရေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေကြားမှာ “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီးက ရေပန်းစားနေခဲ့ပြီး လတ်တလော “အနမ်းဝိုင်”ရဲ့ဖန်တီးရှင် ဒါရိုက်တာ အောင်မြတ်ကလည်း ဒီဇာတ်ကားကို ချစ်သူများသာမက တစ်ယောက်တည်းသမားတွေလည်း ကြည့်လို့ရကြောင်းလည်း ပြောထားပါသေးတယ်။

source : Wutt Hmone Shwe Yi