မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်ဖြစ်တဲ့ ၀တ်မှုန်ရွှေရည်ကတော့ လတ်တလောမှာ  “ရန်သူ” ရုပ်ရှင်ဇာတ်ကားကို မေမြို့မှာ ရိုက်ကူးနေခဲ့တာပဲ ဖြစ်ပါတယ်။ ၀တ်မှုန်ရွှေရည်က “ရန်သူ” ရုပ်ရှင်ဇာတ်ကားထဲမှာ အရင်ဇာတ်ရုပ်တွေနဲ့မတူတဲ့ ယောကျာ်းလေးပုံစံ ကာရိုက်တာမျိုးကို သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ထူးထူးခြားခြား ယောကျာ်းလေးပုံစံမျိုးပြောင်းထားတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ တကယ်ကို ယောကျာ်းလေးတစ်ယောက်လို ပီပြင်အောင်သရုပ်ဆောင်ထားတာကြောင့်လည်း ပရိသတ်တွေက ချစ်မ၀ဖြစ်နေခဲ့ပါတယ်။ ၀တ်မှုန်ရွှေရည်က ရုပ်ရှင် ၊ ဇာတ်ကားတွေ ချည်း ဆက်တိုက်ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေကိုလည်း ဆက်တိုက် တက်နေရပါတယ်။

အခုမှာတော့ သူမက သူမရဲ့ Instagram ပေါ်မှာ စားချင်တာတွေစားပြီး ၀နေတယ်ဆိုတဲ့အကြောင်း နဲ့ gym ရောက်နေရပြီးဖြစ်တဲ့အကြောင်းကို အခုလို ရေးသားမျှဝေပေးထားတာပဲဖြစ်ပါတယ်။ “Make up မပါတဲ့အချိန် ..  gym ရောက်နေတဲ့အချိန် .. မေမြို့မှာစားချင်တာစားပြီး ဝနေတဲ့ ကျွန်မ” လို့ ချစ်စရာစကားလေးနဲ့အတူ gym ၀တ်စုံနဲ့ရိုက်ထားတဲ့ပုံရိပ်တွေကိုပါ မျှပေးထားတာတွေ့ရပါတယ်။

source : Wutt Hmone Shwe Yi