ပရိသတ်တွေချစ်ကြတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကတော့  ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ ဝိတိုရိယ ဆေးရုံမှာ  ခွဲစိတ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူမကတော့ မတ်လ ၁၁ရက်နေ့ကလည်း သူမရဲ့ မိခင်နဲ့အတူ ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်ခဲ့ပါသေးတယ်။

သူမကတော့ ရွှေတိဂုံဘုရားပေါ်ကို မကျန်းမာတဲ့ ကြားထဲက ဘုရားဖူးလာခဲ့တာဖြစ်ပြီး ထောက်မရအောင်နာနေတဲ့ ခြေထောက်ကြောင့် ချိုင်းထောက်ကိုလည်း ကိုင်ထားပါသေးတယ်။ သူမရဲ့ မိခင်နဲ့ ဘုရားသွားတဲ့ ဓါတ်ပုံလေးကိုတော့ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပြီး  ပရိသတ်တွေကတော့ ဝင့်ယမုံနိုင်ရဲ ကျန်းမာရေးအတွက် အရမ်းပဲ စိတ်ပူနေကြပါတယ်။

ကျန်းမာရေးကြောင့် အနုပညာ အလုပ်တွေမှာ သိပ်မတွေ့ရတဲ့ ဝင့်ယမုံနိုင်ကို ပရိသတ်တွေက တီဗီဖန်သားပြင်ပေါ်မှာ ကျန်းကျန်းမာမာ ပြန်လည်တွေ့နိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။

Source: Wint yamone Naing