မင်းသမီးချောလေး ၀င့်ယမုံလှိုင်ကတော့ ဟောင်ကောင်မှာ ကျင်းပတဲ့ Mnet ရဲ့ဂီတဆုပေးပွဲသို့ သွားရောက်အားပေးခဲ့ပါတယ်။ဒီဇင်ဘာ (၁)ရက်နေ့တုန်းက သူမရဲ့ fb မှာ ဟောင်ကောင်ကို အလည် သွားပြီဆိုတဲ့ အကြောင်းကို ပရိသတ်တွေကို အသိပေးထားတာကို တွေ့ရပါတယ်။

 

“Mojito လေးတွေရေ အခု ဟောင်ကောင်မှာလုပ်တဲ့ အတွက် Mnet ရဲ့အာရှ အကောင်းဆုံး ဂီတဆုပေးပွဲမှာ EXO, BTS, Super Junior နဲ့အခြား K-pop အဖွဲ့လန်းလန်းလေးတွေ ကိုလာအားပေးနေတယ်။ Mojito တို့လည်းအတူကြည့်မယ်ဆို iflix ကနေတိုက်ရိုက်ကြည့် လို့ရတယ်နော်..” ဆိုပြီး ဂီတဆုပေးပွဲကို သွားရောက်အားပေးနေတဲ့ ပုံလေးတွေကိုလည်း တင်ထားပါတယ်။

နောက်တစ်ရက်မှာတော့ ဟောင်ကောင်ကို အလည်သွားတဲ့ ပုံလေးတွေကို တင်ထားပါတယ်။ Hong Kong Disneyland ကိုအလည်သွားခဲ့သလို၊big buddha ကိုလည်း သွားရောက် ဖူးမြော်ခဲ့တာကိုလည်း တွေ့ရပါတယ်။ဝင့်ယမုံလှိုင်ကတော့ the sign of love ဇာတ်လမ်းတွဲထဲ က”မာယာချို” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရင်ထဲကို ရောက်လာခဲ့သူပါ။အခုနောက် ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူပါ။

from ၀င့်ယမုံလှိုင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။