ဝိုင်းစုကတော့ သူ့ရဲ့ One Lady Showအတွက် Dream Lover Band နဲ့အတူ စတင်ပြီးတော့ သီချင်းတွေတိုက်နေပါပြီ။

ဒီတစ်ခေါက် One Lady Show ကိုတော့ ရန်ကုန်မှာတင်မကပဲ မန္တလေးပရိသတ်တွေအတွက် မန္တလေးမှာပါ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မှာတော့ လာမယ့်ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ One Lady Show ကိုပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမှာတော့ ဇန်န၀ါရီလ (၁၆)ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဝိုင်းစုရဲ့ One Lady Show ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ သတင်းကောင်းလေးပါ။ ၀ိုင်းစုကလည်း ပရိသတ်တွေကို သူ့ရဲ့ One Lady Show ကိုလာခဲ့ကြဖို့ သူ့ရဲ့ facebook ပေါ်မှာ ပုံတွေတင်ထားသေးတယ်နော်။

Source: Wine Su Khine Thein facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။