မကြာသေးမီက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ၀ိုင်းစုက သူမကို အကောင့် တုတွေနဲ့ နောက်ကွယ်ကနေ လိုက်လံ တိုက်ခိုက်နေသူတွေရှိတဲ့ အကြောင်း ပြောခဲ့ပါတယ်။အဲ့ဒီလို လူတွေနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်တွေ ကို ရင်ဖွင့် ခဲ့ပါတယ်။အခုလည်း သူမရဲ့ fb post တစ်ခုမှာ သူမ အမေရဲ့ အကောင့် ဟက်ဖို့ ကြိုးစားခံနေရတဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။

ဝိုင်းစုက ” ကိုယ့်ကိုတောင်မဟုတ်ဘူး ကိုယ့်အမေအကောင့်ပါ စိတ်ဝင်စားနေ ပါလား ” ဆိုပြီး တင်ထားတာပါ။

သူမကို အကောင့်တုတွေနဲ့လိုက်ပြီး တိုက်ခိုက်နေသူတွေဟာ ဘယ်သူ ဘယ်ဝါ ရယ်လို့ တော့ ၀ိုင်းစုခိုင်သိန်းက နာမည်နဲ့ တကွထုတ်မပြော ခဲ့ပါဘူး။ဝိုင်းစုဟာ အရင်အိမ်ထောင်နဲ့လမ်းခွဲပြီးနောက် သူမလိုပဲ အိမ် ထောင် နဲ့ လမ်းခွဲ ထားတဲ့ အောင်လနဲ့ လက်တွဲခဲ့ပါတယ်။တစ်ချို့ပရိသတ်တွေကသူတို့နှစ်ယောက်ကို လက်ခံ ပေးခဲ့ပေမယ့် တစ်ချို့တွေက ဝေဖန်ပြောဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ ကတော့ ၀ိုင်းစုဟာ သူမရဲ့ ” မယ်သီတာ” ဆိုတဲ့ အခွေကို ထုတ်ထားတာ သိပ်မကြာသေးပါဘူး။အဲ့ဒီမယ်သီတာကိုလည်း ကော်ပီ သီချင်းလို့ ပြောဆိုနေကြလို့ ၀ိုင်းစုခိုင်သိန်းက ဒါဟာ ကော်ပီ မဟုတ် ပါဘူး ကိုယ်ပိုင် own tune ပါလို့ ပြန်ဖြေရှင်းခဲ့ပါသေးတယ်။

Celenow Team မှ စီစဉ်တင်ဆက်သော www.Celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

from Wine Su’s fb