မင်းသမီး၊အဆိုတော် ၀ိုင်းစုခိုင်သိန်းရဲ့ အယ်ဘမ်သစ် “ဂါ” (Music Video) ကိုတော့ (၁၆. ၁၂.၂၀၁၇) မှာ ထွက်ရှိမယ်လို့ သိရပါတယ်။Audio ပရိုးမိုးရှင်းပွဲကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ  (၂၂)ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။Audio ထွက်ချိန်တုန်းကလည်း “ဂါ” ဟာ ပရိသတ် အားပေးမှုကို ရရှိထားပြီးဖြစ်ပါတယ်။

အခု Music Video အဖြစ် ထွက်ရှိမယ့် “ဂါ” မှာတော့ သရုပ်ဆောင်တွေ အနေနဲ့ Snare ၊ ဇေယျ ၊ထူး ၊အလင်းရောင်၊ ခါရာ၊ချမ်းမင်းရဲထွဋ် ၊ Russell ၊ညိမ်းသော်၊ အောင်ဆန်းထွဋ် ၊၀ိုင်းစုခိုင်သိန်း ၊ အောန်ဆိုင်း၊ Mဆိုင်းလု ၊ မေ ၊ မေဆူးမောင် ၊ မေမြင့်မိုရ်၊ရတနာဗိုလ် နဲ့  RVC Dancer group တို့ ပါဝင်မယ်လို့ သိရပါတယ်။

ရန်ကုန်မှာတော့ (၁၆)ရက်နေ့ (စနေနေ့)ကျရင် လှည်းတန်းစင်တာမှာ ညနေ(၃) နာရီကနေ (၆) နာရီအထိကျင်းပမှာပါ။မန္တလေးမှာတော့(၁၇) ရက်နေ့ကျရင် မင်္ဂလာမန္တလေးမှာ ညနေ (၄) နာရီကနေ (၆) နာရီအထိ ပရိုးမိုးရှင်းပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

from ၀ိုင်းစုရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။