တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသားကြီး လွင်မိုးနဲ့ ဇနီး မမေသူတို့ကတော့ ပရိသတ်တွေအားကျစရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားရသူတွေ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

ဒီလိုအားကျစရာကောင်းတဲ့ လွင်မိုးနဲ့မေသူတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ ဖေဖော်ဝါရီ (၂၂)ရက်နေ့မှာ (၂၂)နှစ်ပြည့်သွားပါပြီ။ လွင်မိုးကတော့ အနုပညာအလုပ်တွေကို လုပ်တာမတွေ့ရတော့ဘဲ စီးပွားရေးပဲ လုပ်နေတယ်လို့သိရပါတယ်။ မေသူကတော့ ပျော်ပျော်ပါးပါးနေတတ်ပြီး ဘာသာတရားကိုင်ရှိုင်းသူ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။

အခုမှာတော့ လွင်မိုးနဲ့မေသူတို့က ယောက္ခမဆိုတဲ့နေရာကိုရောက်ရှိနေပြီး သူတို့ရဲ့ သမီးကြီး ၊ ပရိသတ်အချစ်တော် ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ကျသွားပြီးဖြစ်ပါတယ်။ လွင်မိုးတို့မိသားစုလေးယောက်ကတော့ မကြာခဏဆိုသလို ပြည်တွင်း၊ပြည်ပ ခရီးတွေထွက်လေ့ရှိပါတယ်။ သူတို့မိသားစုကတော့ တကယ့်ကို အားကျစရာ မိသားစုလေးပဲဖြစ်ပါတယ်။

source : May Thu