ဝါဆိုမိုးဦးကတော့ ချစ်စရာကောင်းတဲ့ ခပ်မိုက်မိုက်ဖက်ရှင်လေးတွေကို အမြဲဝတ်စားတတ်တဲ့ အဆိုတော် မင်းသမီး တ စ်ယောက်ပါ။ဝါဆိုကတော့ Snare အဖွဲ့ဝင် ဖြိုးလေးနဲ့ တွဲနေပါတယ်။ဝါဆိုနဲ့ ဖြိုးလေးတို့ကတော့ ချစ်သူ သက်တမ်း ကတော့ နှစ်နှစ်ကျော်ခဲ့ပါပြီ။ရန်ဖြစ်လိုက်ပြန်ချစ်လိုက် သူတို့စုံတွဲလေးကတော့ အရင်က fb မှာ ချစ်သူသဘာဝ စိတ် ဆိုးတဲ့ Post တွေ တင်တာရှိပေမယ့် အခုနောက်ပိုင်းမှာတော့ စိတ်ဆိုး၊စိတ်ကောက်တာတွေ မတင်တာကြာ ခဲ့ပါပြီ။

ဝါဆိုမိုးဦးကတော့ သူမအတွက်တော့ ယောက်ျားကောင်းဆိုတာ ဘယ်လိုအရာမျိုးလဲ ဆိုတဲ့ အဓိပ္ပါယ်စံ သတ်မှတ် ချက်လေးကို ပြောပြခဲ့ပါတယ်။သူမအပေါ် ချစ်ပြီး၊သစ္စာရှိပေးရမယ်၊သစ္စာတရားကတော့ အဓိက ပါလို့ ပြောခဲ့ပါတယ်။ ဖြိုးလေးနဲ့ အတူတွဲရိုက်ထားတဲ့ ပုံ(ကျောခိုင်းပုံ)နဲ့ အတူ အခုလို ရေးခဲ့တာပါ။

“ဝါဆို့ အတွက် “ယောင်္ကျားကောင်း”ဆိုတာ… ဝါဆို့ ကို အရမ်းချစ် အရမ်းဂရုစိုက်ရမယ်… သစ္စာလည်းရှိရမယ်… သစ္စာရှိဖို့တော့အရမ်းအရေးကြီးတယ် Relationship တစ်ခုမှာ အချစ်ကော သစ္စာတရားရောရှိမှာသာ ကြာရှည်တည်တံ့နိုင်တယ်လို့ ဝါဆို ကတော့ယူဆတယ်… ချစ်ချစ်တို့ရော ဘယ်လိုလဲ? ..” ဆိုပြီး တင်ထားတာပါ။

from ၀ါဆိုမိုးဦးရဲ့ fb