Snare အဖွဲ့မှ ဖြိုးလေးနဲ့ ၀ါဆိုမိုးဦးတို့ကလည်း မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဆယ်လီစုံတွဲတွေထဲက တစ်တွဲပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်စုံတွဲလေးပါ။ ချစ်သူသက်တမ်းကတော့ (၂)နှစ်ကျော်သွားပါပြီ။ ဒီဇင်ဘာ (၁၁)တုန်းက ချစ်သက်တမ်း (၂)နှစ်ပြည့်မှာ အပြန်အလှန်လက်ဆောင်လေးတွေပေးခဲ့တဲ့ ကြည်နူးစရာဓါတ်ပုံလေးတွေကို တင်ခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ ၀ါဆိုမိုးဦးက သူမရဲ့ fb မှာ ဖြိုးလေးနဲ့အတူရိုက်ထားတဲ့ စုံတွဲပုံအသစ်လေးတင်လိုက်ပါတယ်။ နေ၀င်ဆည်းဆာကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ရိုမန်တစ်ဆန်တဲ့ ပုံလေးပါ။

ပုံရဲ့အောက်မှာတော့ ဘန်နီဖြိုးက အရင်စပြီး “ကိုဖြိုးလေး ဗိုက်ကိုအရင်မြင်တာ ငါတစ်ယောက်တည်းလားကွ ….” ဆိုပြီး ဖြိုးလေးကို စနောက်ထားပါတယ်။ ဖြိုးလေး ဗိုက်ထွက်နေတယ်ဆိုတာကို သူငယ်ချင်းတွေက စနောက်ထားကြတာကိုလည်း တွေ့ရပါတယ်။

from ၀ါဆိုမိုးဦးနဲ့ ဖြိုးလေးရဲ့ fb