စန္ဒီမြင့်လွင်နဲ့ သူမရဲ့ ချစ်သူ ကိုသီဟလွင်တို့ရဲ့ မင်္ဂလာပွဲကိုတော့ မတ် လ(၁၁)ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာကျင်း ပခဲ့ပါတယ်။သူတို့ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ အနုပညာလောကမှာ နာမည်ကြီး ဆယ်လီတွေ အများကြီး တက်ေ ရာက် ချီးမြှင့်ပေးခဲ့ပါတယ်။ချစ်သူသက်တမ်းတစ်နှစ်ကျော်လောက်မှာ ရွှေလက်တွဲခဲ့ကြတာပါ။

စန္ဒီမြင့်လွင်နဲ့  ကိုသီဟလွင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ မတ်လ (၄) ရက်နေ့ က တော်ဝင် ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။မင်္ဂလာဦးဆွမ်းကျွေးအလှူကိုတော့ မတ်လ(၁၀)ရက်နေ့က မစိုးရိမ် ကျောင်း မှာ ပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပွဲကိုတော့ (၁၁)ရက်နေ့မှာ ကျင်းပခဲ့တာပါ။

စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲကိုတော့ ၀ါဆိုမိုးဦးနဲ့သူမရဲ့ ချစ်သူ ဖြိုးလေး တို့က စုံတွဲ တက်ရောက်ခဲ့ပါတယ်။ဝါဆိုမိုးဦးရဲ့ ညီမလေး သင်ဇာလည်း ဒီပွဲကိုတက်ရောက်ခဲ့ပါတယ်။သင်ဇာကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀န်းရံ ချင်သူတွေ ၀ိုင်းနေတဲ့ သူတွေထဲက တစ်ယောက်ပါ။

from ၀ါဆိုမိုးဦးနဲ့ သင်ဇာရဲ့ fb