ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှနဲ့ မျက်နှာအလှကြောင့် ရေပန်းစားနေသူ မင်းသမီးဝါဆိုမိုးဦးကတော့ ရုပ်ရှင်ဇာတ်ကားတွေ အဆက်မပြတ်ရိုက်ကူးနေခဲ့ပါတယ်။ အခုမှာလည်း ၀ါဆိုက မင်းသားဇေရဲထက်နဲ့အတူ “ကတ္တီပါ မုန်တိုင်း” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာသားညီက ပုံဖော်ရိုက်ကူးထားပြီး ၀ါဆိုကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးတဲ့ ဇာတ်ကားပဲဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူမရဲ့ ဖေ့ဘွတ်ပေါ်မှာ “ဒီနေ့ ကတ္တီပါ မုန်တိုင်း ရိုက်ကွင်းမှာပါ” ဆိုတဲ့ စာနဲ့အတူ ရိုက်ကွင်းပုံရိပ်တွေကိုလည်း မျှဝေပေးထားပါသေးတယ်။ ၀ါဆိုက သရုပ်ဆောင်လောကမှာ နာမည်ရနေသူတစ်ယောက်ပဲဖြစ်သလို အချစ်ရေးမှာလည်း ပရိသတ်အားကျရလောက်တဲံ အချစ်ရေးမျိုးပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။

source : War So Moe Oo