လတ်တလော ပရိသတ်တွေကြားမှာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ၀တ်မှုန်ရွှေရည်ရဲ့ဗီဒီယိုင်ဖိုင်ဟာ နာမည်ကြီး ပြီး ရေပန်းစားနေခဲ့ပါတယ်။ သူမရဲ့ ဗီဒီယိုဖိုင်ဟာဆိုရင် နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူရာနဲ့ချီရှိခဲ့ပြီး share လုပ်သူပေါင်းလည်း ထောင်ချီရှိတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ ၀တ်မှုန်ရွှေရည်တစ်ယောက် “ရန်သူ” ရုပ်ရှင်ဇာတ်ကားရဲ့ရိုက်ကွင်းပေါ်မှာ ထူးထူးခြားခြား ယောကျာ်းလေးပုံစံမျိုးပြောင်းထားပြီး စကားပြောပုံတွေကလည်း ကြွေလောက်စရာဖြစ်နေခဲ့လို့ ပရိသတ်တွေကလည်း ချစ်မ၀ဖြစ်နေခဲ့ပါတယ်။ ၀တ်မှုန်ရွှေရည်ကလည်း တကယ့်ကို ယောက်ျားလေးတစ်ယောက်အတိုင်း ကြွေချင်စရာဖြစ်တဲ့အထိ သရုပ်ဆောင်ပီပြင်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် ၀တ်မှုန်ရွှေရည်ရဲ့ ထူးခြားတဲ့ပုံစံတစ်မျိုးဖြစ်တဲ့ ယောကျာ်းလေးပုံစံအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေမင်း နဲ့ Beauty Blogger နေခြည်ဦးတို့နဲ့အတူ ပါဝင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုရိုက်ကူးနေတဲ့ ၀တ်မှုန်ရွှေရည်ရဲ့ ချစ်စရာ ယောကျာ်းလေးပုံစံဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

#BODYGUARD ♥️😘😘😘😘

Posted by May Thet Paing on Sunday, February 18, 2018

video : May Thet Paing