နောင်တစ်ချိန်မှာ လင်းလက်တောက်ပတဲ့ အနုပညာကြယ်ပွင့်ဖြစ်လာမယ်လို့ ယူဆရတဲ့ (၆)နှစ်အရွယ် သမီးလေးရဲ့သီဆိုပုံလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ အသက်ငယ်ပေမယ့် ၀ါသနာကြီးတဲ့ သမီးလေးက ဂီတလောကရဲ့ ကြယ်ပွင့်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီသမီးလေးကတော့ Myanmar Idol Season 3 မကွေးမြို့ရဲ့ ပဏာမ အသံစစ်လူရွေးချယ်ပွဲမှာ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကြို့ပင်ကောက်မှာနေတဲ့ ကိုအောင်နဲ့မစိုးတို့ရဲ့သမီးလေး G မွေ့ဟန် ပဲဖြစ်ပါတယ်။ သမီးလေးရဲ့ယှဉ်ပြိုင်မှုကို ကြည့်ပြီးတဲ့ ပရိသတ်တွေကလည်း သဘောကျခဲ့ကြပါတယ်။ ဒါအပြင် သမီးလေးက Myanmar Idol ကို ကြည့်နေတဲ့သူတွေ အမောပြေအောင် သူငယ်တန်းသီချင်းလေးနဲ့လည်း ဖော်ျဖြေသွားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ သမီးလေးသီဆိုထားတဲ့ အဆိုတော်ဝေလရဲ့သူငယ်တန်းသီချင်း ဗီဒီယိုဖိုင်လေးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံနှံ့ခဲ့ပြီး ကြည့်ရှုသူများစွာ ရှိနေခဲ့ပါတယ်။ သူမရဲ့သီချင်းဆိုဟန်လေးက ချစ်စရာကောင်းနေတဲ့အပြင် သီချင်းတစ်ပုဒ်လုံးကို အမှားမရှိ ၊ ဂီတာသံလေးနဲ့ စည်းချက်ညီအောင်ဆိုနိုင်တာကြောင့် ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သမီးလေး  G မွေ့ဟန်ရဲ့သီဆိုပုံ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးတွေကြည့်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မကွေးက ပဏာမ အသံစစ် လူရွေးချယ်ပွဲမှာ ကြို့ပင်ကောက်က ကိုအောင် မစိုး တို့ရဲ့ ၆ နှစ်သမီး လေး – G မွေ့ဟန် က ကျွန်တော်တို့တွေ အမောပြေအောင်လာရောက် ဖျော်ဖြေသွားပါတယ်။အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေး ကို အားပေးကြည့်ကြပါအုန်း။ဒီပို့စ်တင်ဖို့ ခွင့်ပြုပေးတဲ့ ကိုအောင် နဲ့ မစိုး ကိုလည်းး ကျေးဇူးပါ။#myanmarnextidol

Posted by Myanmar Idol on Tuesday, February 6, 2018

source : Myanmar Idol