Valentine နေ့ အမှီထွက်ရှိလာမယ့် ဖြိုးပြည့်စုံရဲ့ ‘မောင်အရင် ထိုး’ သီချင်းသစ်ကို featuring အနေနဲ့ Jewel နဲ့ တွဲဖက်ဆိုထားတာပဲဖြစ်ပါတယ်။ ဖြိုးပြည့်စုံနဲ့ Jewel တို့ နှစ်ယောက်ကလည်း ရှေးတုန်းက နာမည်ကြီးခဲ့တဲ့သီချင်းတွေကို cover ဆိုကြရင် နာမည်ကြီးနေခဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ်။

ဖြိုးပြည့်စုံနဲ့ Jewel တို့နှစ်ယောက် အတူတွဲဖက်ဆိုထားတဲ့ “မောင်အရင် ထိုး” သီချင်းအသစ်ခေါင်းစဉ်ကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားစရာတွေဖြစ်နေခဲ့ပါတယ်။ ဒီသီချင်းသစ်လေးကို တေးရေး ဝေကြီးကရေးစပ်ပေးထားလို့ သီချင်းကောင်းတစ်ပုဒ်ဖြစ်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ တချို့ ပရိသတ်တွေဆို သီချင်းနာမည်ကြောင့် စိတ်ဝင်စားသွားကြပြီး နားထောင်ဖို့ကိုတောင် စောင့်နေကြတယ်လို့သိရပါတယ်။

သီချင်းခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကိုသိချင်ရင်တော့ သီချင်းထွက်လာမှပဲ နားထောင်ကြည့်ပေးပါနော်။

source : Phyo Pyae Sone’s facebook