ပြည်သူ့အချစ်တော် မြန်မာပြည်သိန်းတန်ကတော့ Myanmar Idol Season 3 မှာ ဒိုင်အဖြစ်နဲ့ ပါဝင်အကဲဖြတ်ပေးဦးမှာပဲဖြစ်တယ်။ မြန်မာပြည်သိန်းတန်ရဲ့ ချစ်ဇနီး တေးချစ်သူကလည်း ဒီနှစ်အတွက်လည်း ဒီဇိုင်းအဆန်းတွေကို သူရဲ့ ဒီဇိုင်းပညာနဲ့ ဖန်တီးသွားဦးမယ်လို့ လည်း သိရပါတယ်။ ဦးသိန်းတန်ကြီးရဲ့ အများနဲ့ မတူတဲ့ အ၀တ်အစားဖက်ရှင်တွေ၊ နေထိုင်မှုတွေကြောင့်လူစိတ်ဝင်စားမှုတွေကို ခံနေရတာပဲဖြစ်ပါတယ်။

ဇန်န၀ါရီ (၁၁)ရက်နေ့မှာ Myanmar Idol Season 3 အတွက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအပြီးမှာ The Radar မီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာတော့ ဦးသိန်းတန်ရဲ့ ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ဒေါက်တာ နုနန္ဒာသန်း က “အခု ဒီတစ်ခါတော့ အဲ့ဒီ ပိုက်ဆံအမောင့် မပြောတော့ဘူးလို့။ တော်တော်တော့ ကုန်တယ်။ တွေ့ရင်လည်း သိမှာပါ။ အပေါစားတွေ မဟုတ်ဘူး လို့” ဆိုပြီး ဖော်ပြထားပါတယ်။ ဒီနှစ်အတွက်လည်း ဒီဇိုင်းအဆန်းတွေကို ဇနီးဖြစ်သူရဲ့ ဒီဇိုင်းပညာနဲ့ ဖန်တီးသွားမယ်လို့ ဦးသိန်းတန်က ပြောပါတယ်။

phtoto : Myanmar Pyi Thein Tan