နိုဝင်ဘာလ ၁၄ရက်နေ့မှာ ပြည်သူချစ်တဲ့ အနုပညာရှင်များဖြစ်ကြတဲ့ ဦးညီဂျော် နဲ့ ဦးကျော်သူတို့ဟာ ပရဟိတဟောပြောပွဲကို ထီးလင်းမြို့နယ်၊မင်းဘုရားကြီး ဇာတ်ခုံ၊ အမှတ် (၁) ရပ်ကွက် မှာပြုလုပ်ခဲ့ ကြပါတယ်။

ဒီဟောပြောပွဲကိုလုပ်ရတဲ့ အကြောင်းအရင်းကတော့ ထီးလင်းမြို့မှာ “ဒေသဖွံ့ဖြိုးရေးနှင့်လူမှုကူညီရေးအသင်း”ရဲ့ (၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

ဦးညီဂျော် နဲ့ ဦးကျော်သူတို့ဟာ ထီးလင်းမြို့ရဲ့ “ဒေသဖွံ့ဖြိုးရေးနှင့်လူမှုကူညီရေးအသင်းရုံးချုပ်”ဖွင့်ပွဲ ကိုလည်း သက်ဆိုင်ရာတာဝန်ရှိလူကြီးများနှင့်အတူ ယနေ့ နံနက်(၈:၀၀)နာရီမှာ ဖွင့်လှစ်ပေးခဲ့ပြီးနောက်ရုံးတွင်းမှာရှိတဲ့ အအေးခေါင်း၊အလူမီနီယမ်ခေါင်းတွေကိုလည်း အန္တရာယ်ကင်းမေတ္တာပို့ဆုတောင်းအမျှဝေပေးခဲ့ပါသည်။

ဟောပြောပွဲကိုတော့ ထီးလင်းမြို့မြို့သူမြို့သားများအပြင် (၅)မိုင်ပါတ်လည်မှမြို့၊ရွာများမှပရဟိတကိုစိတ်ဝင်စားကြတဲ့ တိုင်းရင်းသားမိဘပြည်သူများအုတ်အော်သောင်းနင်းလာရောက်ကြည့်ရှုနားထောင်မှတ်သားခဲ့ကြပါတယ်။

Source:Kyaw Thu facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။