နိုဝင်ဘာ (၂၇)ရက်နေ့ကတော့ တိုင်ရွန်ရဲ့ အသက်(၂၄)နှစ်ပြည့်မွေးနေ့လေးပါ။မွေးနေ့မှာ ဘာမှ ထူးထူးခြားခြားမလုပ် ဖြစ်တဲ့ တိုင်ရွန်တစ်ယောက် သူ့ရဲ့ မွေးနေ့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု၊အသိတစ်ခုကိုတော့ ရလိုက်ပါတယ်။တိုင်ရွန် က ဒီအကြောင်းကို သူ့ရဲ့ fb ပေါ်မှာ အခုလိုရှယ်ထားပါတယ်။

“၂:၃၀ လောက်တရေးနိုးကြီးဖုန်းဝင်လာတယ် mom တဲ့ အရမ်းစိတ်ပူသွားတယ်ဆေးရုံမှာ ဘာဖစ်လဲပေါ့ ကျွန်တောဒီနေ့အိမ်ပြန်အိပ်တယ်လေ အာနဲ့ အမေဘာဖြစ်လို့လဲဆိုတော့ သားအိမ်ပြန်ရောက်ပီလားတဲ့ မွေးနေ့ဘာမှမလုပ်ပေးနိုင်တာစိတ်မကောင်းဘူးတဲ့ နေမကောင်းဆေးရုံတက်နေရရင်း သူ့လည်ပင်းခွဲထားတဲ့အသံနဲ့ ကျွန်တော်အရမ်း ဝမ်းနည်းသွားတယ် ရုတ်တရက်အရမ်းလည်းကြောက်မိသွားတယ် ကျွန်တော်တို့ဟာမိဘကို အနားမှာရှိနေလို့ သိပ်ဂရူမစိုက်တန်ဖိုးမထားမိကြဘူး တကယ်တော့သူတို့အသက်တွေဟာကြီးပါပီ မနက်ဖန်တိုင်းဟာ ထိတ်လန့်စရာပါဘဲ လူတစ်ယောက် သက်တမ်းဟာပျမ်းမျှ ၇၀ ထားပါ သူတို့ အသက်နဲ့ နုတ်လိုက်ရင် အများကြီး မကျန်တော့ပါဘူး တစ်နေ့ ခွဲခွာကြရမှာပါ တနေ့ငိုကြွေးကြရမှာပါ ကျွန်တော် သိလိုက်ပါပီ မိဘဆိုတာရှိနေတုန်း ဂရုစိုက်ရမယ်ဆိုတာကို ကျွန်တော် အရမ်းကြောက်ပါတယ် ဒီနေ့ကစပြီး မိဘပေါ်တာဝန်ကျေတဲ့ သားတစ်ယောက်ဖြစ်အောင်ကြိုးစားပါတော့မယ်
တိုင်ရွန် မနက် ၃:၀၀ ဒီစာကိုထရေးသည်……” ဆိုပြီး ရေးထားတာပါ။

 

နေမကောင်းဖြစ်နေပေမယ့် သားဖြစ်သူအတွက် မွေးနေ့ဘာမှ လုပ်မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ မိခင်ကို ကြည့်ပြီး မိဘအပေါ် တာဝန်ကျေတဲ့သားတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ လည်း တိုင်ရွန်က ဆိုထားပါတယ်။လက်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ မနေ့ကဖြစ်သည် ၂  ဇာတ်လမ်းတွဲ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

from တိုင်ရွန်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။