ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေတဲ့ “ငါ့ကို နမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ဇာတ်ကားကြီးမှာ လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်၊ ရဲရင့်အောင်နဲ့ ပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီး ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ၀င်းလွင်ထက်တို့က ညေးရဲ့ဝတ္ထုကို ပြန်လည်ပုံဖော် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ပြောစကားတွေက ပရိသတ်တွေကို ပိုပြီး စိတ်ဝင်စားစေခဲ့ပါတယ်။

“ငါ့ကို နမ်းတဲ့မုန်တိုင်း”မှာ ဖွေးဖွေးက “နူးညံတဲ့တွေ့ဆုံမှုဆိုတာ ပကာသနတွေနဲ့မှ မဟုတ်ပါဘူး … ကော်ဖီတစ်ခွက်နဲ့လည်း နက်ရှိုင်းစွာ …ခမ်းနားတတ်တယ်” ဆိုတဲ့ “ပျို” အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ “ပျို” ရဲ့ဇာတ်ရုပ်နဲ့ ချစ်စရာကောင်းတဲ့ ဖွေးဖွေးနဲ့ လိုက်ဖက်ညီမှ သေချာပါတယ်။

ဒီဇာတ်ကားမှာ အဆိုတော်လွှမ်းပိုင်ကတော့ “ချစ်သူမဟုတ်သေးဘဲ လက်ထပ်ခွင့်တောင်းတာ အဆင့်ကျော်တာမဟုတ်ပါဘူး … မန္တလေးထိသွားမယ့် သူက တောင်ငူတို့ ရမည်းသင်းတို့လို ကြားဘူတာတွေကို လက်မှတ်ဖြတ်စရာလိုလို့လား … ” ဆိုတဲ့ နေညိုလွင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဆိုဘက်မှာ အောင်မြင်နေတဲ့ လွှမ်းပိုင်က သရုပ်ဆောင်ပိုင်းမှာပါ ပီပြင်အောင် သရုပ်ဆောင်နိုင်သူပဲဖြစ်ပါတယ်။

အဆိုတော် ရဲရင့်အောင်ကတော့ “ပျိုက ငါ့အတွက် စီးကရက်တစ်လိပ်ဆိုရင်တောင် ငါအကြိုက်ဆုံး အမှတ်တံဆိပ် တစ်ခုကွ” ဆိုတဲ့ သြရထူးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ရဲရင့်အောင်က အဆိုဘက်ပိုင်းမှာ သီချင်းတွေနဲ့ပရိသတ်ရဲ့ရင်ထဲထိအောင်ဆွဲဆောင်နိုင်သူဖြစ်သလို သရုပ်ဆောင်ပိုင်းဘက်မှာလည်း ဇာတ်ရုပ်အတိုင်း အပီအပြင်သရုပ်ဆောင်ထားပါတယ်။

မင်းသားနှစ်ယောက်နဲ့ မင်းသမီးတစ်ယောက် တည်းပါဝင်တဲ့ ဒီဇာတ်ကားကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့စောင့်မျှော်နေကြပါတယ်။ ဒီဇာတ်ကားရဲ့ “မောင်မငိုရဘူးနော်”ဇာတ်ဝင်သီချင်းကိုလည်း ပရိသတ်တွေ နားထောင်လို့ရအောင်မျှဝေပေးလိုက်ပါတယ်။

ေ မာ င် မ ငို ရ ဘူးေ နာ် – ''င့ါကိုနမ်းတဲ့ မုန်တိုင်း''

''င့ါကိုနမ်းတဲ့ မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်မယ့် သီချင်းတစ်ပုဒ်ပါ။ MTV အတွက်အချိန်ယူပြီး တစ်မူထူးခြားအောင် သေသေချာချာလေး ပြုလုပ်ထားပါတယ်။Digital Painting ပိုင်းကို တော့ The World Creative House မှ ပြုလုပ်ပေးထားတာပါ။ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .Title –ေ မာ င် မ ငို ရ ဘူးေ နာ်Singer – K K Moe lyricist – Hlwan paingMusic – Phoe Pyae , MHL ———————————-

Posted by ငါ့ကိုနမ်းတဲ့ မုန်တိုင်း on Saturday, January 27, 2018

source : ငါ့ကို နမ်းတဲ့မုန်တိုင်း