လူပျိုကြီးထွန်းထွန်းကတော့ အရမ်းတွေ ရိုပြီးရင်းကို ရိုနေပါတယ်။ ချစ်သူချောချောလေးကို ပိုင်ဆိုင်ထားတဲ့ လူပျိုကြီး ထွန်းထွန်းရဲ့ ချစ်သူအပေါ် ဂရုစိုက်ပုံ၊ ချစ်ပုံလေးတွေကတော့ ပရိသတ်တွေကြားမှာ အတော်လေး လူပြောများနေပါတယ်။

လက်တလောမှာတော့ ချစ်သူလေးက ခရီးသွားနေတဲ့အတွက် ထွန်းထွန်းရဲ့ Instagram မှာတော့ အလွမ်းပန်းတွေ ဝေနေတာကို တွေ့ရပါတယ်။ ချစ်သူကို ဘယ်လိုသတိရတဲ့ အကြောင်းတွေ၊ လွမ်းနေတဲ့ အကြောင်းတွေကို Instagram မှာ တင်ထားပါတယ်။

“ချစ်သူလေးက ခရီးထွက်နေရင် ထုံးစံအတိုင်း သူရောက်တဲ့နေရာလေးတွေ ကို ဘယ်လောက် လှသလဲဆိုတာ လှမ်းလှမ်းကြွားတယ်လေ။ ကြည့်အုံး သဲပိစိလေး ပဲများနေတာ ချစ်လိုက်တာ…♥️…” ဆိုပြီး ပုံတင်ထားပါတယ်။ ပရိသတ်တွေကတော့ ထွန်းထွန်းတစ်ယောက် သူ့ချစ်သူကို ခေါ်တဲ့ “သဲပိစိ” လေးဆိုတဲ့ နာမ်စားကို အတော်လေး သဘော ကျနေပါတယ်။

ထွန်းထွန်းနဲ့ သူ့ချစ်သူတို့ရဲ့ ချစ်သူသက်တမ်းကတော့  (၉)လကျော် (၁၀)လလောက် ရှိနေပါပြီ။ ထွန်းထွန်းက သူ့ အချစ်ရေးကို Instagram မှတဆင့် ပွင့်ပွင့်လင်းလင်း အသိပေးခဲ့သူပါ။ ချစ်သူနဲ့ စုံတွဲပုံလေးတွေ၊ အမှတ်တရ နေ့ရက် လေးတွေ၊ ဒိတ်လုပ်ဖြစ်တဲ့အကြောင်းတွေကို အမြဲတင်လေ့ရှိသူပါ။

from ထွန်းထွန်းရဲ့ Instagram