ပရိသတ်တွေရဲ့ အချစ်တော် လူပျိုကြီးထွန်းထွန်းကတော့ အချစ်ရေးကံဇာတွေ အရမ်းကို တက်နေပါတယ်။ ချစ်သူလေး နဲ့ လည်း အရမ်းကို အဆင်ပြေနေပါတယ်။ ချစ်သူရှိနေပါပြီလို့ အတိအလင်းတော့ ထုတ်ပြောပေမယ့် ချစ်သူကို official တော့ ထုတ်မပြသေးပါဘူး။ချစ်သူနဲ့ အတူတွဲရိုက်ထားတဲ့ ပုံတွေကို တင်တဲ့ အခါတိုင်း ချစ်သူရဲ့ မျက်နှာကို ထင်ထင်ရှား ရှား မပြပဲ ဖွက်ထားတုန်းပါ။

ထွန်းထွန်းကတော့ သူ့ရဲ့ Instagram မှာ ချစ်သူအချောလေး အတွက် မွေးနေ့ဆုတောင်းပေးထားပါတယ်။ချစ်သူကို အာဘွားပေးနေတဲ့ ပုံလေးနဲ့အတူ Caption မှာတော့……..

“HAPPY BIRTHDAY MY LOVE ♥️
သဲလေးရေ အခု မွေးနေ့ကစပြီးနောင် နှစ်များစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ မိဘတွေကို အခုထက်ပိုပြီး ကျေးဇူးဆပ်နိုင်ပါစေ။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ။ အစစအရာရာ အဆင်ပြေပါစေ။ သဲလေး စိတ်ကူးထားတဲ့ မျှော်မှန်းထားတဲ့ ကိစ္စတွေ အားလုံး လက်တွေ့ဘဝမှာဖြစ်ပါစေ။ ကိုကို့ကိုလည်း အခုထက်ပိုပြီး အများကြီး(အများကြီး) ပိုချစ်နိုင်ပါစေ။ ♥️ YOU ARE ALL THE BEST IN MY LIFE ♥️
♥️ I’LL BE THERE FOR YOU ♥️
♥️ LOVE U ENDLESSLY ♥️
♥️ YOY ARE MINE AND I’M YOURS♥️
♥️ HAPPY BIRTHDAY MY LOVE ♥️….” ဆိုပြီး တင်ထားပါတယ်။ထွန်းထွန်းတို့စုံတွဲကတော့ ချစ်သူသက် တမ်း(၈)လပြည့်ခဲ့ပါပြီ။

from ထွန်းထွန်းရဲ့ IG