အဆိုတော်ထွန်းထွန်းကတော့ သူ့ချစ်သူလေးကို Instagram မှာ ထုတ်ကြွားလိုက်ပါတယ်။ထွန်း ထွန်းတစ်ယောက် ချစ်သူရနေပြီဆိုတာကို အစောကြီးတည်းက ပရိသတ်တွေက ရိပ်မိနေခဲ့တာ ကြာ ပါပြီ။နောက်ပိုင်းမှာတော့ ထွန်းထွန်းတင်လိုက်တဲ့ Post တစ်ခုကြောင့် နောက်ပိုင်းမှာတော့ သူ့ချစ် သူ ဘယ်သူဆိုတာကို အားလုံးက ရိပ်မိခဲ့တာပါ။

“တိုက်ဆိုင်တာမဟုတ်တော့ဘူး
ဒါ တမင်တကာ လွမ်းတာဖြစ်သွားပီ
အယ် လဲ့ လဲ့..” ဆိုတဲ့စာနဲ့အတူ သူ့ဖုန်းရဲ့ screen ပုံကို တင်ခဲ့တာပါ။အဲ့ဒီမှာ ပါတဲ့ မျက်နှာကနေ မှ အားလုံးက သိသွားခဲ့တာပါ။

ချစ်သူနဲ့စုံတွဲပုံတော့ တင်ခဲ့ဖူးပေမယ့် ရုပ်ကိုဖျက်ပြီးတော့တင်ထားတာပါ။ဒီတစ်ခါမှာတော့ ပုဂံကိုအလည် ရောက်နေတဲ့ ချစ်သူရဲ့ ပုံကို တင်ပြီး ထုတ်ပြလိုက်ပါတယ်။

ထွန်းထွန်းရဲ့ ချစ်သူက ပုဂံကို အလည်သွားနေပြီး ချစ်သူကို အရမ်းလွမ်းနေတယ်ဆိုပြီးတော့လည်း အလွမ်းသည်ထားပါတယ်။

“ပုံတွေပို့တယ်လေ ♥️သူ ပုဂံမှာလည်ပတ်ပြီးပျော်ရွှင်နေပါတယ်ပေါ့နော် ?
ရုပ်ကိုက..” ဆိုပြီး ချစ်သူ့ရဲ့ ပုံတွေကို တင်လိုက်တာပါ။Comment တွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို အလွမ်းသည်နေကြတာကိုတွေ့ရပါတယ်။

ထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သီချင်းဆိုတာထက် သရုပ်ဆောင် အလုပ်ကိုပဲ ပိုပြီး ဦးစားပေးလုပ်လာပါတယ်။သီချင်းဆိုတာကိုတော့ သိပ်မတွေ့ရတော့ပါဘူး။ထွန်းထွန်း အဓိက ပါဝင်ထားတဲ့ “ပွဲခံမယ်” ဇာတ်ကားရုံတင်ပြသတုန်းက ပရိသတ်တွေ အရမ်းကြိုက်နှစ်သက်ခဲ့ပြီး ဒီကားနဲ့ အကယ်ဒမီရနိုင်တယ်ဆိုပြီး ထင်ကြေးပေးပြောဆိုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

from ထွန်းထွန်းရဲ့ IG

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။