အဆိုတော် သရုပ်ဆောင်မင်းသားထွန်းထွန်းကတော့ လူပျိုကြီးဘ၀ကို မကြာခင်မှာ လက်ပြနှုတ်ဆက်တော့မှာလားလို့ ပရိသတ်တွေက သိချင်နေကြပါတယ်။ချစ်သူလေးအတွက် အမြဲအချိန်ပေးနေ၊ ရိုမန်တစ်ဆန်ဆန် ချစ်တတ်တာလေးေ တွကြောင့် ချစ်သူဆီကနေ အမှတ်ပြည့်ရထားတာကိုလည်း တွေ့ရပါတယ်။

ထွန်းထွန်းရဲ့ ချစ်သူ ကောင်မလေးရဲ့ နာမည်ကတော့ စုစန္ဒီဦးပါ။သူမရဲ့ IG ပေါ်မှာလည်း ထွန်းထွန်း နဲ့ အတူ သွား လာတဲ့ ပုံလေးတွေ တင်ထားတာကို တွေ့ရပါတယ်။ပရိသတ်တွေရဲ့ အချစ်တော် လူပျိုကြီးထွန်းထွန်းကိုတော့ (၂၁) ရာစုရဲ့ အချစ်တတ်ဆုံး ယောက်ျားလို့တောင် ပြောရတော့မှာပါ။

ချစ်သူအတွက် ဓါတ်ပုံဆရာလေးဖြစ်လိုက်၊ရုံးပို့ရုံးကြို ကိုယ်ရံတော်လေး ဖြစ်လိုက် ပုံစံမျိုးစုံ ပြောင်းလဲ နေတာကို တွေ့ရ မှာပါ။ထွန်းထွန်းတစ်ယောက် ချစ်သူအပေါ် ဘယ်လိုတွေ ဂရုစိုက်နေ ချစ်နေလဲဆိုတာကို Cele Now ပရိသတ်တွေ သိရဖို့ ဖော်ပြပေးလိုက်ပါတယ်။

from ထွန်းထွန်းနဲ့ စုစန္ဒီဦးရဲ့ IG